ယုံကြည်ရာ..မောင်
Chapter<14>"ခင်ဗျား ထမင်းမစားဘူးလား"
"မစားချင်လို့ နောက်ပြီး..ငါသူများအိမ်မှာသိပ်မစားချင်လို့"
"သူများအိမ်မှမဟုတ်တာပဲ..."
"ဘာ"
"ကျွန်တော်ပြောတာက ရိပေါ်နဲ့ကျွန်တော်ကသူငယ်ချင်းလေ ခင်ဗျားယောက်ဖရဲ့သူငယ်ချင်းကခင်ဗျားသူငယ်ချင်းပေါ့....ဒါကကျွန်တော့်အိမ်ဆိုတော့ခင်ဗျားနေချင်သလိုနေလို့ရပါတယ်"
"မင်းကတော်တော်အပြောကောင်းပဲ...ဒါပေမယ့် ငါထမင်းမစားချင်ဘူး"
"ဒုက္ခပဲ....တစ်ပတ်တိတိနေရမှာလေ..ခင်ဗျားဘာမှမစားပဲနေလို့မှမရတာ..ခေါက်ဆွဲပြုတ်လေးဖြစ်ဖြစ်တော့ဆင်းစားပါခင်ဗျားရယ်"
"ငါမှမစားရင်မင်းကသေတော့မှာလား"
ရှောင်ရွယ်မျက်မှောင်ကျုံ့ကာမေးတော့ကျိရွှမ်းကသွားဖွေးဖွေးလေးတွေပေါ်အောင်ရီပြတယ်...ပြီးတော့ခေါင်းငြိမ့်ပြီး...
"လာပါနော် ကျွန်တော်တစ်ယောက်တည်းစားရမှာပျင်းလို့ပါ"
လက်ကနေအတင်းဆွဲခေါ်နေတာမို့ရှောင်ရွယ်ငြင်းဆန်ချိန်မရလိုက်ပါ...
"ဖြည်းဖြည်းဆွဲ...လုပ်ချင်တိုင်းလုပ်နေရအောင် ငါမင်းလင်မဟုတ်ဘူး"
"ဟီးးး"
ကျိရွှမ်းစိတ်ထဲမှာတော့တွေးလိုက်ပါတယ်..ခင်ဗျားကြီးမကြာခင်မှာကျွန်တော့်လက်ထဲရောက်လာတော့မှာပါဆိုပြီးတော့လေ.....
အောက်ထပ်ရောက်တော့နှစ်ယောက်သားခေါက်ဆွဲပြုတ်စားတယ်...
"ရှူးးးးးဟင့်..စပ်တာ.."
နှာရည်တစ်ရွှဲရွှဲနဲ့ကျိရွှမ်းကအမှန်မှာတော့အစပ်ကြောက်ပါတယ်။ဒါပေမယ့် ရှောင်ရွယ်ကအစပ်လေးပါမှစားကောင်းတာဆိုပြီးညစ်ကျယ်ကျယ်နဲ့အစပ်မှုန့်တွေထည့်ထည့်ပေးနေတော့သူ့ခမျာ..မျက်ရည်တွေဝဲရင်းချွေးစေးတွေထွက်ကာရှောင်ရွယ့်သဘောကျဆက်စားနေခြင်းရယ်ပါ..
"ဒါလေးတောင်အဖြစ်မရှိလိုက်တာ.."
"ကျစ်..အရမ်းစပ်တယ် အီးးး မစားနိုင်တော့ဘူး"
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"