ယုံကြည်ရာ..မောင်
Chapter<19>"ပါး..သူလာပြီ"
လင်းရှောင်လက်ငြှိုးထိုးပြတဲ့နေရာကိုတစ်မိသားစုလုံးကြည့်လိုက်တော့ဆံပင်ဂုတ်ထောက်နဲ့all blackဝတ်ထားတဲ့ကလေးမလေးကိုတွေ့လိုက်ရတယ်..အနားကိုတရွေ့ရွေ့လျှောက်လာတော့မြင်လိုက်ရသည်ကသွားစွယ်လေးနှစ်ချောင်း..
"မမ..နင့်ဟာကလူရောဟုတ်ရဲ့လား"
"ငါမပြောဘူးလား..နင်တို့အကြိုက်တွေ့မှာမဟုတ်ဘူးလို့"
"အာ..ငါကပြောပြရုံပါ..နင်နဲ့လိုက်နိုင်ပါတယ်"
"ကဲ..ဧည့်သည်ကိုအထဲခေါ်လိုက်လေသမီး.."
"ဟုတ်ပါး...မင်း..ဝင်လာခဲ့"
ထိုကလေးမကဘုကြည့်ကြည့်နေပြီးမှသူတို့နောက်လိုက်ဝင်လာတယ်။ဆိုဖာပေါ်ဝုန်းခနဲထိုင်ချလိုက်ပြီးဘာတစ်လုံးမှမပြောသေးပဲစီးကရက်တစ်လိပ်ကိုပါးစပ်နားတေ့လိုက်တယ်..အမဲရောင်မီးခြစ်လေးကိုလင်းရှောင်လက်ထဲထိုးပေးပြီးခေတ္တမျှစိုက်ကြည့်လာတော့လင်းရှောင်မှာခြေဖျားတွေအေးစက်လို့...စိုက်ကြည့်တာဝသွားမှလက်ဖျောက်တစ်ချက်တီးလိုက်တော့လင်းရှောင်ကလန့်သွားပြီးမီးခြစ်ကိုခြစ်လိုက်မိတယ်...ထိုအခါမှသာကလေးမကသူ့စီးကရက်ကိုမီးညှိလိုက်တော့၏။
"ဝိုးးးးပါး"
"ဟင်"
"သူကအလာကြီးနော်..မမငုတ်တုတ်မေ့နေပြီ..ခွီးးး"
"အသံပိတ်ထားစမ်း"
အမှန်တော့ရှောင်ပါးလည်းဒီကောင်မလေးဝင်လာကတည်းကလိုက်ကြည့်နေတာ..တစ်ခုမှအချိုးမပြေသေး..
"မင်းနာမည်.."
"ဝန်းလီ...လီ.ဝန်း.လီ..."
နာမည်မေးသည်ကိုဖြေပြီးတာနဲ့နှာခေါင်းမှမီးခိုးငွေ့တို့ကတလူလူထွက်လာတော့သည်။
"အဟမ်း..အသက်တွေဘာတွေ..မိဘတွေရော"
"ဟူးးးးအသက်က19..မိဘတွေသေပြီ "
"အော်..စိတ်မကောင်းပါဘူး.."
"ရပါတယ်..မရဲ့ပါပါးပဲဟာ.."
မ..မတဲ့လား..လင်းရှောင်မှာမျက်နှာကြီးမှောင်မိုက်လို့ရှိနေ၏။
![](https://img.wattpad.com/cover/290354689-288-k892269.jpg)
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"