Chapter<5>

459 28 0
                                    

ယုံကြည်ရာ..မောင်
Chapter<5>

"ချစ်ကျန့်"

"ပြောလေမောင်"

ရွာလေးရဲ့မွန်းတည့်ချိန်ကမြို့ပြတွေလိုပူခြစ်တောက်မနေပဲလေတဖြူးဖြူးနှင့်နေလို့ကောင်းသည်။ဒါ့ကြောင့်လည်းလင်လင်နှစ်ယောက်ခြံထဲအခင်းတစ်ခုခင်းကာအေးအေးဆေးဆေးထိုင်နေခြင်း..

"ဒီတိုင်းနေရတာပြင်းတယ်..လျှောက်သွားကြည့်ရအောင်"

"မောင်ပျင်းနေတာလား"

"အွန်း"

"ကောင်းပြီလေ..သွားမယ်..မွေးနေ့မှာလက်ဆောင်ပေးထားတဲ့coupleအင်္ကျီပါတယ်မလား..အဲ့ဒါထုတ်ဝတ်လိုက်"

"ဟာ..ချစ်ကျန့်ကလည်းရေတောင်မချိုးရသေးဘူး..အသစ်ကြီးကို"

*သေချာတယ်..ကျွန်တော့်ကိုသူပိုင်တယ်ဆိုတာတစ်ရွာလုံးကိုကြေငြာချင်တာ..ဒါ့ကြောင့်ဆင်တူဝတ်ခိုင်းတာနေမယ်*

"မောင်..ဝတ်လိုက်ပါ..ဟောင်းသွားရင်အသစ်ဝယ်လို့ရပါတယ်..နော်"

"ဟင်း..ကောင်းပြီကွာ..ဒါဆိုခဏစောင့်.."

"အင်း..ငါ့အင်္ကျီပါယူခဲ့မောင်"

"အွန်းအွန်း"
*******
"ဟဲ့..လင်းရင်..ရွာထဲလူသစ်တွေရောက်တာကြားပြီးပြီလား"

"အွန်း..ကြားတယ်လေ..ငါလည်းမေးမလို့..ဘယ်လိုလဲဟဲ့..ယောကျာ်းတွေလား"

"အေး..တစ်ရောက်ကတော့ရှောင်ကျန့်လို့ပြောတာပဲနာမည်ကလေ..နောက်တစ်ယောက်တော့ဘယ်သူမှမသိဘူး.."

"ဟုတ်လား.."

"နင်နော်..ငါကသိစေချင်လို့ပြောပြတာ..သွားပြီးဇယားမလုပ်နဲ့အုံး..သူတို့နှစ်ယောက်ခိုးပြေးလာတာတဲ့နော်"

"ဟင်..မဟုတ်တာတွေမပြောစမ်းပါနဲ့"

"မဟုတ်တာဆိုငါ့ပါးစပ်ကထွက်မလား..နင်လည်းငါ့အကြောင်းသိသားနဲ့..ငါအဲ့လိုအတင်းအဖျင်းပြောတက်တဲ့လူမှမဟုတ်ပဲ.."

"အော်..နင်ကလည်း..သူတို့ကအိမ်ထောင်ပြုတာတွေဘာတွေစိတ်မဝင်စားသေးတာလည်းဖြစ်နိုင်တယ်..ဟို..အနားကိုမိန်းကလေးတွေကပ်မှာစိုးရိမ်လို့အဲ့လိုမဟုတ်မဟက်တွေပြောထားတာနေမှာပေါ့"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now