Chapter<23>

200 14 3
                                    

ယုံကြည်ရာ..မောင်
Chapter<23>

ကျောင်းကပြန်ရောက်ကတည်းကရှောင်ယင် ရိပေါ်နဲ့မျက်နှာချင်းမဆိုင်ဖြစ်...မဆိုင်ရဲတာဆိုပိုမှန်မယ်..ရှောင်ကျန့်အနားမှာကျုံ့ကျုံ့လေးထိုင်ရင်းမျက်နှာကမှိုင်တွေနေရှာသည်..

"အငယ်ကောင်"

"ဗျာ"

"Video ကအဲ့ကောင်လေးလက်ထဲမှာအခုထိရှိနေသေးတယ်ပေါ့"

"ဟုတ်..ဟုတ်ကဲ့ဒယ်ဒီ"

"ဘာလို့မပြောခဲ့တာလဲ.."

". .."

"ဒယ်ဒီကအဲ့ဒီ့လောက်တောင်အရာမဝင်တော့ဘူးလား"

"အဲ့လိုမဟုတ်ဘူး..သားစိတ်ပူလို့ပါ ဒါတွေသိသွားရင်ဒယ်ဒီတို့စိတ်ဆိုးမှာသားသိတယ်..အဲ့ဒါကြောင့်ပါ"

"မင်းတို့တွေငါ့ကိုလူရာမသွင်းချင်တော့ဘူးဆိုတာငါသိတယ်..ဒီလူကဘာမှအသုံးမကျဘူးမလား..ထစ်ခနဲရှိမင်းတို့ကိုပဲရိုက်နှပ်နေတယ်လို့ထင်နေတယ်မလား..ဟမ်"

"ဒယ်ဒီဘာလို့အဲ့လိုထင်ရတာလဲ သားတို့ဒယ်ဒီ့ကိုဘယ်လောက်ချစ်လဲဆိုတာနှိုင်းပြစရာတောင်မရှိဘူး..."

"တော်စမ်း.."

"အဟမ်း..ကျွန်တော်ရောက်ပြီ"

ရှောင်ယင့်မျက်လုံးလေးတွေပြူးပြာသွားရတယ်..ရိပေါ်ကဒေါသထွက်နေတဲ့အချိန်ကောချန်ကအိမ်ရောက်လာတယ်တဲ့လား..ရှေ့ဆက်ပြီးဘယ်လိုတွေဖြစ်မလဲသူမသိချင်တော့ပြီ

"မင်း.."

"မောင်.."

ရှောင်ကျန့်ကဝင်ကာလိုက်ပြီးကောချန်ကိုမှင်သေသေကြည့်ကာထိုင်စေတယ်..ကောချန်ကလည်းအလိုက်တသိပဲ ရှောင်ယင်ဘေး ကပ်ထိုင်လိုက်သည်။

"ဝမ်ကောချန်..ပြန်လိုက်တော့ "

"အဟမ်း...ပြောစရာရှိလို့လာတာ"

"ကောချန်ငါတောင်ပန်ပါတယ်"

ဘေးကရှောင်ယင်ကိုဂရုမစိုက်တဲ့ကောချန်ကရိပေါ့်ကိုသာစိုက်ကြည့်လာတယ်.

"တောင်းပန်ပါတယ်..လူမဆန်သလိုဖြစ်သွားရင်"

"ဘာကွ"

ယုံကြည်ရာ..မောင်[Completed]जहाँ कहानियाँ रहती हैं। अभी खोजें