ယုံကြည်ရာ..မောင်
Chapter<16>ကျိရွှမ်းတစ်ယောက်ရိပေါ့လက်မောင်းကြီးဆွဲပြီးငြိမ်ကုတ်နေပါတယ်..အကြောင်းက..ရှောင်ပါးကိုကြောက်လို့...
"အဟမ်း..အလတ်ကောင်"
"ဗျာပါး"
"မင်းလူကယောက်ျားရောဟုတ်ရဲ့လား..ကြောက်ပြနေတာမြင်မကောင်းဘူး"
"အဲ..ဟဲဟဲ..Babyက ကလေး..ကလေးဆန်လို့ပါပါး....Baby Baby. .အခုဒီနားကိုလာခဲ့"
"မလာချင်ဘူး"
"ဘာ..မင်းအခုငါ့ကိုအာခံနေတာလား"
"ကိုကိုကလည်း.."
ကြားထဲကရိပေါ်နဲ့ရှောင်ကျန့်မှာခွီးနေရပြီး..အော်ကြီးဟစ်ကျယ်မရီမိအောင်ထိန်းနေရတယ်။
"ကျိရွှမ်း..သွားလိုက်လေ..အဲ့ဒါနဲ့မင်းကိုကိုကမင်းကိုစိတ်ဆိုးသွားအုံးမယ်"
"ငါ..ငါကြောက်လို့ကွ..မင်းယောက္ခထီးကြီးကငါနဲ့ကိုကို့ကိုသဘောမတူရင်ဘယ်လိုလုပ်မလဲ..ငါကြောက်တယ်ကွာ..မသွားဘူး"
"ဟန်..ကျိရွှမ်းးးးးးးး"
ရှောင်ရွယ်အသံပါဝါကောင်းမှန်းရှောင်မိသားစုနဲ့ရိပေါ်တို့သိလိုက်ရပါပြီ..မျက်မှောင်ကြီးကျုံ့ပြီးကျိရွှမ်းကိုတစ်ဘုန်းဘုန်းထုရိုက်နေသေးတာ..ကျိရွှမ်းကတော့မျက်ရည်လေးဝဲတဲဝဲတဲနှင့်..သူကအိပ်ယာပေါ်မှာသာကျား..ကုတင်ပေါ်ကဆင်းတာနဲ့ကြောင်ဖြစ်သွားရော..
"အခုလာခဲ့..လာ.."
"ကိုကို..ဟင့်.."
ဘီလူးဆိုင်းထတီးပြီးဆွဲခေါ်မှရှောင်ရွယ်နားကပ်လာတယ်။ရိပေါ့်လက်မောင်းကိုင်မရတော့ရှောင်ရွယ့်လက်မောင်းကိုဖမ်းကိုင်ပြီးခေါင်းကြီးငုံ့ထားပြန်သည်။
"ရှောင်..."
"အင့်..."
"ငါ့သားနာမည်ခေါ်တာမင်းကဘာထလန့်နေတာလဲ"
". ...."
"မင်းယောက်ျားမဟုတ်ဘူးလား..ဟမ်..အဲ့လောက်ထိကြောက်တက်နေရင်ငါ့သားကိုစောင့်ရှောက်ဖို့မင်းလက်ထဲဘယ်လိုအပ်ရမလဲ.."
ကျိရွှမ်းကကလေးလေးလိုပဲ..တုန်ယင်နေပြီးရှောင်ရွယ့်အေနာက်မှာမျက်နှာဝှက်ထားဆဲ..
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"