Chapter<10>

277 13 4
                                    

ယုံကြည်ရာ..မောင်
Chapter<10>

"ရှောင်ကျန့်...ရပ်လိုက်စမ်း"

သူမအလန့်တကြားအော်ဟစ်လိုက်မိတယ်။နှုတ်ခမ်းတွေပေါက်ထွက်မတက်အံကျိတ်ထားတဲ့ကောင်လေးကသူ့လက်သူဓားနဲ့ခွဲမလို့တဲ့လေ...အနားကိုပြေးသွားလိုက်ရင်းခေါက်ဓားလေးကိုပြေးယူတော့တင်းနေအောင်ပြန်ဆွဲထားသေး..

"အငယ်ကောင် အဲ့လိုမလုပ်ရဘူးလေ မမတို့စီစဥ်ပေးနေတာပဲ "

"ငါမစောင့်နိုင်ဘူး..မောင့်ဆီသွားမယ်...ဒီ့ထက်ကြာသွားရင်မောင်နဲ့ငါဝေးရဖို့သေချာသွားမှာ အဲ့ဒီ့လိုအဖြစ်မခံနိုင်ဘူး..ငါသေရင်သေမသေရင်လည်းမောင်နဲ့ပဲအတူရှိနေချင်တယ်"

"ငါသိတယ် အဲ့ဒါကြောင့်အလတ်ကောင်နဲ့တိုင်ပင်ထားပြီးသား နင်အခုအထုတ်တွေထုပ်လိုက်"

"ဘာလဲ ငါ့ကိုဘယ်ပို့ကြမလို့လဲ"

"ပြောရခတ်လိုက်တာဟယ် နင့်လင်ဆီပို့မလို့ပေါ့ နင့်လင်ရိပေါ်ဆီ"

"မောင့်ဆီ"

သူ့ပုံစံကသနားစရာကောင်းတာထက်ကိုပိုနေတယ်။သူ့ယောက်ျားဆီသွားရတော့မယ်ဆိုတော့ပစ္စည်းပစ္စယတွေထည့်နေတာဝုန်းဒိုင်းကြဲနေရောပဲ..

"ရပြီ သွားကြမယ် "

"စုံပြီလား"

"အင်း မြန်မြန်သွားချင်တယ်မမ "

"အင်းအင်း အောက်ဆင်းကြမယ်"

မောင်နှမနှစ်ယောက်အခန်းရှေ့ကနေထွက်လာတော့အစောင့်တွေရှင်းနေတာကိုတွေ့ရတယ်။ကြည့်ရတာ ရှောင်ရွယ်ရှင်းထားတာပဲဖြစ်မယ်ထင်..

"မမ ရှောင်ကျန့်"

"ရှောင်ရွယ်..အဆင်ပြေပြီလား"

"အေး အခုသူအေးဆေးထွက်သွားရုံပဲ "

"ငါတို့လိုက်ပို့လိုက်မယ်လေ တစ်ယောက်တည်းခေါင်းတွေပူပြီးရောက်တက်ရာရာသွားနေအုံးမယ်"

"ရတယ်မမ ငါမောင့်အိမ်သိတယ်"

"မဖြစ်ဘူး ငါတို့လိုက်ပို့မယ် မြန်မြန်သွားရအောင်ရှောင်ရွယ်"

"ဟင်း အေးလေ ပို့မယ့်ပို့တော့ခရီးအဆုံးထိပို့ရတော့မှာပေါ့..သွားရအောင်"

ယုံကြည်ရာ..မောင်[Completed]Tahanan ng mga kuwento. Tumuklas ngayon