Chapter<20>

237 20 4
                                    

ယုံကြည်ရာ..မောင်
Chapter<20>

လေးလံနေတဲ့မျက်ခွံတွေကစကားပြောသံတွေကြောင့်ပွင်ဟလာရသည်။နိုးနိုးချင်းတောင်ကြည့်မြောက်ကြည့်ကလုပ်နေသေး..

"ချစ်ကျန့်သတိရလာပြီ"

"မောင်"

ခြောက်ကပ်နေတဲ့နှုတ်ခမ်းသားတို့ဆီကပထမဆုံးထွက်လာတဲ့ခေါ်သံကမောင်တဲ့..ရင်ခွင်ထဲအိပ်မောကျနေတဲ့အကောင်ပေါက်လေးတွေကိုမြင်တော့သူ့မျက်ရည်တွေတစ်စက်ချင်းကျလာတော့တယ်။

"ငါတို့..ရွှတ်..ကလေးတွေလားဟင်"

"ဟုတ်တယ်လေအသည်းလေးရ..မောင်တို့ကနေပေါက်ဖွားလာတဲ့ပေါက်စလေးတွေ.."

"သူတို့ကအရမ်းချစ်ဖို့ကောင်းတာပဲ.."

"ဒါပေါ့..အသည်းလေးနဲ့တူလို့လေ..အငယ်ကောင်လေးကိုကြည့်ပါအုံး..ဝတုတ်လေး..ဟက်"

"ငါ့ကိုပေး"

"အင်း..ရော့"

ကလေးလေးနိုးမှာစိုးတာကြောင့်ကုတင်ပေါ်ကိုဖြည်းဖြည်းချင်းသူချလိုက်တယ်..ပေါင်သားလေးတွေအိစက်နေတဲ့ကလေးငယ်ကရှောင်ကျန့်နဲ့တစ်ကယ်ပဲတူတာရောဟုတ်ရဲ့လား...ပါးဖောင်းကြီးကိုကြည့်တာနဲ့တင်ဘယ်သူ့သွားတူလဲဆိုတာတစ်မိသားစုလုံးသိတယ်..

"မောင်နဲ့တူတယ်..နာမည်ဘယ်လိုပေးထားလဲ.."

"ဝမ်ရှောင်ယင်"

"အင်း..ချစ်စရာလေး..ဟက်..အကြီးလေးရော"

"ဒီမှာ..အကြီးကောင်ကအကောင်သေးနေတယ်ချစ်ကျန့်ရဲ့.."

သူ့လက်ထဲရောက်လာတဲ့ပိစိလေးကိုရှောင်ကျန့်ကြည့်နေရင်းကနမ်းရှိုက်လိုက်သည်။

"ပါးမဆင်ခြင်ခဲ့တာတွေ သားကိုထိသွားတယ်ထင်တယ်...တောင်းပန်ပါတယ်ကလေးရယ်"

သူပြောတော့ရှောင်ယမ်ကပြုံးယောင်ယောင်လေးလုပ်နေတယ်..

"ဝမ်ရှောင်ယမ်လို့ပေးထားတယ်ချစ်ကျန့်..ကြိုက်လား"

"အင်း..ကြိုက်တယ်.."

တအောင့်အကြာမှာဆရာဝန်တွေရောက်လာတယ်..ရှောင်ကျန့်နဲ့အတူကလေးနှစ်ယောက်ကိုပါဆေးတွေစစ်အခြေအနေတွေကြည့်ရင်းအလုပ်ရှုပ်နေတော့၏။

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now