ကင်မ်ထယ်ယောင်းတို့ "အင်း"လို့ ပြောလိုက်တာနဲ့ လက်ထပ်ပွဲအတွက် စီစဉ်မူတွေက နေ့ညမဆိုင်းပဲ ပြင်ဆင်ကြလေ၏။ ဘယ်လောက်တောင် လက်ထပ်ပေးချင်နေကျတာလဲ သူ့ကို ?
နစ်ဖက်မိဘတွေ တွေ့ဆုံပြီး ညစာ စားကြသည် ။ ကင်ထယ်ယောင်းနဲ့ ပတ်ဂျီမင်ကတော့ တစ်ခွန်းတစ်လေတောင် ၀င်မပြောကြချေ။ တစ်ချက်တစ်ချက် ကင်မ်ထယ်ယောင်းက ဂျီမင်ကို ကြည့်မိပေးမဲ့ ဘယ်တော့မှ သူ့ကို ပြန်မကြည့်သူက ပတ်ဂျီမင်ပဲ ဖြစ်သည် ။ သူ့ကို မကြည့်ချင်တာများလား ?
ဟွန့် ...။
လက်စွပ်သွားလုပ်တဲ့ နေ့ကျတော့လည်း ပြသာနာက စတက်သည်။ လက်စွပ်လုပ်ဖို့ လက်တိုင်းတဲ့အခါ ကင်ထယ်ယောင်းတို့က "အဟား "ဆိုပြီးရီလိုက်မိသည်။ ဘာလိုဆို ဂျီမင် လက်ကလေးတွေက ပုပုဖောင်းဖောင်း နီနီလေး ကလေးလက်ကလေးနဲ့မို့ မနေနိင်လို့ ရီလိုက်မိသည်။ ယောကျာ်းလက်တွေမှာ ဒီလိုလက်ကို သူမှ မမြင်ဖူးတာ ၊ ရီမိတာ အပြစ်လား ?
သူရီလိုက်လို့ ဂျီမင်ဆိုတဲ့လူကတော့ သူ့ကို မျက်မှောင်ကြုတ်ပြီးကြည့်တယ် ၊ လူကိုလာကြည့်တော့လည်း သူက မျက်ခုံးလေးတစ်ဖက် ပင့်ပြပြီး "ရီဆတာ့ ဘာဖြစ်လဲ" ဆိုတာ အထာနဲ့ ပြန်လုပ်ပြလိုက်သည် ။
ထယ်ယောင်းမာမီနဲ့ ဂျီမင်မာမီတို့က တက်ကြွစွာနဲ့ မင်္ဂလာကိစ္စ အစစအရာရာကို ဦးဆောင်ပြီး ပြင်ဆင်ပေးသည်။ korea နိင်ငံမှ လိင်တူခြင်း တရား၀င် ခွင့်ပြုထားတာ မဟုတ်လို့ Kim groupရဲ့ စီးပွားရေးတစ်၀က်နီးပါးလောက်ရှိတဲ့ Greece မှာ သွားဆောင်ဖို့ပြင်ဆင်ကြရတယ်။ မပြင်ဆင်သူက ကင်ထယ်ယောင်းပင်
ပြင်ဆင်စရာလည်း မလိုလောက်အောင် လူကြီးတွေက လိုလေသေးမရှိ ပြင်ဆင်နေကျတာကို... ။
Mykonos Greece ကို ရောက်တော့လည်း လက်ထပ်ပွဲက အကြီးအကျယ်ပင် ပြင်ဆင်ထားတယ်။ မိတ်ဖက်ပါတနာများစွာလာမှာမို့ ဒီလောက်ပြင်ဆင်ထားသည်ပင်..!
Mykonos Islandက Kim groupရဲ့ ပိုင်ဆိုင်မူထဲက တစ်ခုလည်း ဖြစ်သည်။
_
ဒီည သူ့ဘ၀ကို ယောကျာ်းတစ်ယောက်ရဲ့ လက်ထဲကို ရောက်ရတော့မယ် မဟုတ်လား ? ဘယ်လောက်ပဲ မနစ်နာဘူးပဲ ပြောပါစေတော့ သူတို့သတင်းက ဟိုးလင်းတစ်ကျော်ပဲလေ၊ နိင်ငံသိ ကမ္ဘာသိ သူ့ရဲ့ ကောင်မလေး Victoria ကော့ မသိဘူးဆိုတာ ဖြစ်နိင်ပါ့မလား ?
