" ကင်မ်ထယ်ယောင်း မင်း..အိမ်ပိုင်လို့လား... ?"
ဆိုင်ကယ်တစ်စီး ၀ယ်မိထားတယ်ဆိုတာနဲ့ ကင်မ်ထယ်ယောင်းတို့က ဂျောင်ကုဆီကိုအပြေးအလွှားရောက်လာလေသည်။ အရင်ကလောက် တွေ့ဖို့ မအားကြတော့ပေမဲ့ ဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ နစ်ခါချိန်းစရာမလို ထယ်ယောင်းကရောက်လာတက်လေသည်။ သို့ပေမဲ့ စီးတော့မစီးပေ။
" ဘယ်ပိုင်မလဲကွာ ... ဟမ်နီသိသွားရင် ခေါင်းကို ဆင်နင်းတာထက် ဆိုးမယ်.."
ဂျောင်ကု ဟက်ဟက်ပက်ပက်ရီလိုက်မိသည်။ ထိုသို့ဂျောက်ကုက ရီတော့ ထယ်ယောင်းသည် ဂျောင်ကုကိုလှမ်းကန်လေသည်။ ဂျောင်ကုလည်း အလျင်အမြန်ပဲ ရှောင်လိုက်သည်။ ထယ်ယောင်းရဲ့အကွက်တွေကို ဂျောင်ကုသိနေပြီးသားလေ...။
" ငါ့ကိုကျတော့ ပြောနေတာ မင်းကတော့ ဘာထူးလို့လဲ ..ဟိုကခေါ်တာနဲ့ တန်းပြေးသွားတဲ့ ကောင်ကများ... "
" မင်းလိုကောင်ထက်တော့ ငါကသာသေးတယ် ထယ်ယောင်း...ဟိုက တစ်ခွန်းခေါ်ယုံနဲ့ မီးငြိမ်းသလို ငြိမ်းကျသွားတာ ဘယ်သူလဲ ?"
တစ်ယောက်အကြောင်း တစ်ယောက်ဖော်ထုတ်ရင် ဆိုင်ကယ်စီးမဲ့ဆီကို မရောက်ဖြစ်သေး။ ထိုအချိန် ထယ်ယောင်းဖုန်းက လာလေသည်။ မကိုင်လို့ မရချေ။ ဒီဖုန်းသံက တစ်ယောက်ထဲသောသူရဲ့ ဖုန်းသံပဲလေ ။ ဖုန်းကိုကြည့်လိုက်တော့ .....
" ငါ့ဟာလေး"..ဟုတ်ပါတယ်။ အဲဒါ သူ့ရဲ့တစ်ဦးတည်းသော ဟန်နီပါ။ သားနဲ့သမီးကို မွေးထားပေးတဲ့ ချစ်ရတဲ့ သယ်လှယ်လေးပေါ့။
" ဟန်နီ ပြောလေ ..."
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်ကလူကိုထယ်ယောင်းအရင် စပြောလိုက်သည်။ တစ်ဖက်ကတော့ ဘာမှမပြောသေးပဲ နေနေလေသည်။
" ဟန်နီ..!"
"ဆိုင်ကယ်ကွင်းမှာလား ?"
ထယ်ယောင်းဆွံအသွားလေသည်။ ဟုတ်သားပဲ အခြားလူတွေကို ဆိုက်ကယ်မောင်းနေတဲ့ဟာကို ။ အသံကို အရင်နားထောင်တာပေါ့..။ သေစမ်း....မြွေကြောက်တာထက် ဆိုးပြီးပဲ ။
" မောင်မစီးဘူး ဟန်နီ ... ဂျောင်ကုရဲ့ဆိုင်ကယ်အသစ်ကို လာကြည့်တာ... "
