ဒီနေ့ သူ ဥဏ္ဌဌနေရာကို ရှယ်ယာရှင်တွေ ရှေ့မှာ လွှဲပြောင်းယူခဲ့တယ်။ လွယ်လွယ်တော့လည်းရခဲ့တာ မဟုတ် Kim groupက မြို့သစ်စီမံကိန်းအတွက် မြို့စွန်းက မြေနေရာကွက်လပ်ကို ဘယ်သူမှ ရအောင် မလုပ်နိင်ခဲ့ဘူး။အကြောင်းအရင်းက ပိုင်ရှင်က ဘိုးဘွား အမွေအနစ်မို့ မထိမခံခဲ့ ။ နောက်ဆုံးကင်မ်ထယ်ယောင်းက ရအောင် ယူပေးနိင်ခဲ့လို့ ဒီနေရာအတွက် သူရတာကို မကျေနပ်ပေမဲ့လဲ အတွန့်တော့ တစ်ယောက်မှ မတက်ရဲကျဘူးလေ ။
Kim Groupက ဥဏ္ဌဌက ကင်ထယ်ယောင်းလို ကြေငြာပြီးသည်နှင့်တစ်ပြိုင်နက် Koreaနိင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက လူပ်လူပ်ရွရွနဲ့ တစ်ပြိုက်နက်ထဲပဲ Royal's Groupရဲ့ ပိုင်ရှင် ပတ်ဂျွန်ယောင်းနဲ့ မွန်ေချ၀မ်တို့ရဲ့ တစ်ဦးတည်းသော သား ပတ်ဂျီမင်နဲ့ လက်ထပ်ထားပါတယ်ဆိုတာကိုတောင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။ လိင်တူလက်ထပ်ထားတယ်ဆိုပြီး မီဒီယာတွေက အစ ဆွဲချချင်ပေမဲ့ ဒီလောက်မှ ရင်မဆိုင်နိင်ရင် Kim Groupက ဖြစ်လာစရာအကြောင်းမရှိဘူး မဟုတ်လား ?
စလာကတည်းက မျက်နှာထားက ခပ်တင်းတင်းမို့ companyက ၀န်ထမ်းတွေက စလာထဲက လန့်နေကြသည်။ဥဏ္ဌဌကြီးက အမြဲပြုံးပြီး အေးဆေးနေတက်တာ အခုတော့ companyတစ်ခုလုံးက လူတွေ နေရထိုင်ရ ခက်ပြီး ထင်ပါသည် ။
"ဟဲ့ အခုလာတဲ့ Bossက ချေတယ်နော် "
သုံးယောက်သား ကော်ဖီလေးသောက်က liftကိုသွားရင် ပြောနေလေသည်။
"ချေမှာပေါ့ ချောတာလည်း သေလောက်တယ်၊ မျက်၀န်းလေးတွေ၊ နူတ်ခမ်းလေးတွေ၊ ကော့စင်းနေတဲ့ မျက်တောင်လေးတွေ နှာတံလေးကလဲဟယ်.... "
အလယ်က တစ်ယောက်က ကင်ထယ်ယောင်းရဲ့ ချောမောကြောင်းကို ချီးမွမ်းခန်း ဖွင့်နေလေသည်။
" ဟဲ ဘူမနေနဲ့ မိန်းမ သူ့မှာ ယောင်္ကျားရှိတယ် "
ဘေးက တစ်ယောက်က ပုခုံးတိုက်ရင် ပြောနေလေသည်။
"အေးဟယ် နှမျောစရာကြီး.. ဟင့် ငါရင်ခုန်ခွင့်လေးတောင် မရလိုက်ဘူး "
" မကြိုက်ပါဘူးအေး.. ယောင်္ကျားချင်းယူထားတာ သူများနိင်ငံဟာတွေကို အားကျနေကျတာ ..ဘယ်လို သာယာကြလဲမသိ "
