Extra ( 1 )

5.5K 354 67
                                        

" ယူရီ မောင်ကိုတွေ့လား ?"

ဒီနေ့ မောင်အလုပ်နားတာ သူသိသည် ဒါပေမဲ့ မနက်အိပ်ယာ‌နိးတော့ သူ့ဘေးနားမှ မောင်က ရှိမနေပါ။ သားနဲ့ မီးမီးငယ်ရဲ့ အခန်းထဲကို ၀င်ကြည့်တော့လဲ မတွေ့တာကြောင့် အောက်ထပ်ကို ဆင်းကာ ထမင်းစားခန်းထဲကို ၀င်လိုက်ရသည်။

"ခြံထဲမှ ခုနတုန်းကတော့ တွေ့ခဲ့တယ် အကိုလေး "

သူ့တို့စားဖို့အတွက် မနက်စာ ပြင်ဆင်ပေးနေရင်နဲ့ လှမ်းပြောလေသည်။

" ဪ ဟုတ်လား ?"

ထူးထူးဆန်းဆန်း မောင်ခြံထဲဘာတွေ ဆင်းလိုပါလား? အိမ်ရှေ့ပေါက်၀ကို ရောက်သည်နှင့် ကားပါကင်ဘက်က အသံကြောင့် လမ်းလျှောက်ကာ ကြည့်လိုက်တော့

" ဟင့် ...!"

ဆိုင်ကယ်မောင်းဖို့အသည်းအသန် သူတားမြစ်ထားတာကို အခုတော့ ဆိုင်ကယ်ပေါ်တက်ခွပြီး မောင်းနေတာ ။ သူ့နဲ့လက်ထပ်ပြီးကတည်းက မောင့်က နစ်ကြိမ်လုံး ဆိုင်ကယ်မှောက်သည် ။ ဒါက သူ့ကို  ထရမ်မာ ရစေခဲ့တာပဲ။ မောင်သာ တစ်ခုခုဖြစ်ရင် ဆိုတဲ့ အ‌ေတွးနဲ့ ဘာမှ မတွေးနိင်ပဲ မောင်မောင်းနေတဲ့ ‌ဆိုင်ကယ်ရှေ့မှ အပြေးကလေး သွားပြေးရပ်ပြီးသည်။

" မောင် "

လက်နစ်ဖက်ကို ဆန့်ထုတ်ကာ မောင့်မောင်းနဲ့ ဆိုင်ကယ်ရှေ့မှ သူ့ရပ်လိုက်မိသည်။ သူ့အသံသည် ကျယ်လောင်စွာနဲ့ အော်လိုက်မိသည်။

" ဟန်နီ .."

သူခြံထဲက ဆိုင်ကယ်ကို မမောင်းရတာကြာလို အစမ်းမောင်းကြည့်နေတာကို ဟန်နီက သူ့ရှေ့မှ ပိတ်ရပ်လိုက်တော့ သူ့ဟန်နီကိုမတိုက်မိအောင် ဆိုင်ကယ်ကို ဆွဲလှဲကျလိုက်ရတော့သည်။ ဆိုင်ကယ်ကော့ သူ့ကော့ လဲကျသွားတဲ့နေရာက မြက်ခင်းပြင်ဖြစ်လို နာသွားပေမဲ့ ဘာမှတော့မဖြစ်ချေ။ အရှိန်က မများသေးတာလဲ ပါသည်။

" ဘာလို ဆိုင်ကယ်မောင်းနေတာလဲ "

ဒီအတိုင်း မက်တပ်ကလေးနဲ့ ရပ်နေသူနား ထယ်ယောင်းကပဲ သွားလိုက်ရင်

" ဒီထဲမှပဲ မောင်မောင်းကြည့်တာပါ "

သူ့ဟန်နီမသိအောင် ခိုးမောင်းတာ ဒါပေမဲ့ ဟန်နီက သိသွားတော့ သူချော့ယုံသာ။ သူ့ဟန်နီဘယ်လောက် ထိတ်လန့်သွားလဲဆိုတာ သူသိတယ်။ မျက်၀န်းထောင့်မှ အရည်ကြည်တစ်ချို့တွဲခိုကျသွားတာကို ကြည့်ရင်ဖြင့် ....

ကျွန်တော့် အမျိုးသား ခင်‌ဗျား(Completed)Donde viven las historias. Descúbrelo ahora