" ဟန်နီထတော့လေ .."
သူဒီနေ့ အလုပ်မသွားပါ ဟန်နီအနားမှပဲ နေမယ်လို ဆုံးဖြတ်ထားတာမို့ ..
"ဟန်နီ .."
ဘေးတစ်ခြမ်းစောင်းအိပ်နေတာလေးကအစ ချစ်ဖို့ကောင်းလွန်းတယ်။ အသည်းယားလို နှာခေါင်းချင်းပွတ်တိုက်လိုက်ပေးမဲ့ ညီးယုံအသံလေးကနေပြီးတော့ ကျန်အသံတွေ ထွက်မလာချေ။
" ဟင့် ...!"
အစကတည်းကလဲအိပ်ရတာ ကြိုက်တဲ့ဟန်နီက အခုချိန်မှတော့ ပိုဆိုး အမြဲအိပ်နေတက်တာ လ ကတဖြေးဖြေးရင့်လာတာမို့ သူ companyသွားရတာတောင် စိတ်မဖြောင့်နိင်ပါ။ အိမ်ကို နာရီ၀က်တစ်ခြားဆက်နေမိသည်။ ဒီလူသားကို နည်းနည်းလေးထိခိုက်မူလေးတောင်မရစေချင်တာမို့ ...
ရွှတ် ..!
"10နာရီတောင်ထိုးနေပြီးလေ "
အိပ်ပျော်နေသူကို နိုးနေရတာလဲ အသဲတယားယား .. ပါးေလးကို တစ်ရွှတ်ရွှတ်နမ်းရင်
" လူအိပ်နေတာကို ဘာဖြစ်နေတာလဲ ..?"
သူမျက်နှာကို လက်နစ်ဖက်နဲ့ တွန်းထုတ်လိုက်တဲ့ ဟန်နီက မျက်လုံးတော့ မဖွင့်သေးချေ။
" ထတော့လေ .."
အနားပြန်ကပ်ကာ နှဖူးပြင်မှ ကျနေတဲ့ ဆံပင်တစ်ချို့ ဖယ်ပေးရင်
" အိပ်ချင်သေးတယ် .."
ရင်ဘတ်လောက်ထိ ရှိနေတဲ့ စောင်ကို မျက်နှာတွေအထိပါ ခြုံပစ်လိုက်တာ တကယ်မနိင်ကြော့ပါ။ ထယ်ယောင်းပြုံးရင်နဲ့သာ ခေါင်းခါရင် ကုတင်ပေါ်က ထပြီးစောင်တွေနဲ့ ပတ်နေနေတဲ့ သူကို စောင်တွေ ဖယ်ခွာပြီး ကောက်ပွေ့ချီလိုက်တော့
" အမေ့ .."
အလန့်တကြားနဲ့ မျက်လုံးပြူးသွားပြီး သူကို လာကြည့်တဲ့ ဟန်နီကို
" ဗိုက်ဆာနေပြီးမဟုတ်လား ..?"
ပြုတ်ကျမှဆိုလို ဂျီမင်ထယ်ယောင်းလည်ပင်းကို သိုင်းဖက်လိုက်ရသည်။ အိပ်နေတာကို လုပ်စရာလား ? ဒေါသထွက်ထွက်နဲ့ ထယ်ယောင်းပုခုံးကို လှမ်းကိုက်လိုက်သည်။
" အား နာတယ်လေ ..!"
" ပြုတ်ကျသွားမယ် ချပေး ..!"
