9

10K 671 23
                                        

ရော့... ငါ့လက်ကို  ယုံကြည်စွာနဲ့ ဆွဲလိုက်၊ ငါ့နောက်ကနေ လိုက်ခဲ့ ဘယ်နေရာကိုမှ မကြည့်နဲ့ ငါ့ကျောကိုပဲ ကြည့် ငါမင်းကို ကာကွယ်ပေးမယ် ~~~~

_

"အား ကျွတ် "

အိပ်ယာနိုးနိုးချင်း ထမလို လုပ်တော့ ကိုက်လိုက်တဲ့ခေါင်း  ညက သူတော်တော်များသွားမှန်းသိတယ် ။

"အခုတော့ ကိုက်ပြီး မဟုတ်လား  လူမှန်းမသိအောင် သောက်လာတာကို"

ဘီဒိုရှေ့မှ grey suti ကို ၀တ်ထားပြီး နက်ကတိုင် ၀တ်‌နေရင်နဲ့ပဲ သူကို လှမ်းခနဲ့တယ်။  ရန်ပြန်ဖြစ်မနိင်သေးတာကြောင့် ဂျီမင်တစ်ယောက် ဆံပင်စုတ်ဖွားနဲ့ ရေချိုးခန်းထဲသာ ၀င်သွားတော့တယ်။  သူမျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ထယ်ယောင်းမရှိတော့ပေ။

ဒေါက် ဒေါက် ..!

"အစ်ကိုလေး "

ယူရီတစ်ယောက် တံခါးလာခေါက်တော့

"ဘာလဲ ယူရီ "

"မနက်စာ စားဖို့ လာခေါ်တာ "

"အေးလာပြီး "

ဂျီမင်လဲ အ၀တ်အစားအမြန်လဲပြီး အောက်ထပ်ကို ဆင်းလာလိုက်သည်။အောက်ထပ်ရောက်မှ အခုထိ Companyမသွား‌သေးပဲ မနက်စား စားနေတဲ့ သူကြောင့်

"ပြောစရာ ရှိတယ်  မနေ့က ကိစ္စ "

"ဘာလဲ "

ယူရီလာချပေးတဲ့ စွတ်ပြုတ်ကို ယူလိုက်ရင်

" ခင်ဗျားက အရက်သောက်တာ ကြိုက်တယ်ဆိုရင်လဲ လူမှန်းမသိအောင်မသောက်နဲ့၊ ပြီးတော့ လူတွေကိုလဲ ‌ဒုက္ခမပေးနဲ့ "

အရက်လေး သောက်မိပါတယ် လူတွေကို ဒုက္ခ‌ပေးတဲ့လူကို ဖြစ်လို၊ လူကို ကြည့်တဲ့ပုံက ဒေါသထွက်လို အဖေက သားကို ကြည့်နေသလိုပဲ ဂျီမင် ဂရုမစိုက်ပါ ။

"ဘယ်သူကို ဒုက္ခပေးနေလိုလဲ ?"

"ကျွန်တော့်ကိုလေ ကျွန်တော် ဒုက္ခရောက်တယ်၊ အန်လဲ အန်ချ‌သေးတယ်၊ ချီလဲ ချီရသေးတယ် ရေချိုးခန်းထဲမှ လူကိုလည်း လာမြူဆွယ်တယ် "

အဟွတ် အဟွတ်..!

စားနေတဲ့ ဟာတွေတောင် ထယ်‌‌ယောင်းအပြောကြောင့် သီကုန်သည် ။ ပါးစပ်ကိုအမြန်လက်နဲ့ပိတ်လိုက်နိင်လို တော်သေးသည် ။  ယူရီလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့၊ တကယ် စကားပြောရင်  ရှေ့မကြည့်နောက်မကြည့်နဲ့ ..

ကျွန်တော့် အမျိုးသား ခင်‌ဗျား(Completed)Donde viven las historias. Descúbrelo ahora