20

9.6K 622 49
                                        

Swedish ကနေ  သူအရင် inter ဆင်းခဲ့တဲ့ companyက ကိုယ်စားလှယ် ရောက်မယ်ဆိုလို သူဒီနေ့ Companyကနေ ဘယ်မှ မသွားဖြင့် နောက်ပြီး သူလူလဲ Companyကို လာမယ်ဆိုတာကြောင့်လဲ ပါတယ်။ နေ့လယ်စာဒီလူန့ဲ အတူစားကျမယ်လိုလဲ စဉ်းစားထားတယ်။

တကယ် မြင်လိုက်ရတဲ့ လူက Victoriaပဲ သူမှန်းတကယ် မသိခဲ့ နာမည်ကလဲ  ကိုးရီးယားနာမည်နဲ့မို့ သူသတိမထားခ့ဲမိတာ

" မတွေ့ရတာ ကြာပြီးနော် ကင်မ် "

လှပကြော့ရှင်းပြီး မြင်သူတကာ လိုချင်လောက်အောင် လှတာလဲ သူမပဲ  သူမကိုအရူးအမူးဖြစ်ခဲ့ဖူးတဲ့ အထဲမှ သူကလဲ ထိပ်ဆုံးပဲ ဖြစ်ခဲ့တယ်။ သူမကို သူလိုက်ခဲ့တုန်းက interဆင်းနေတာကို သူအဆောင်အယောင်တွေနဲ့ မချဉ်းကပ်ခဲ့ ဒီအတိုင်း သာမန်မိသားစုကလိုပဲ သူမက ထင်ခဲ့တယ်။ ဒီအတွက် သူလဲ မရှင်းပြချင် သူမကို ချမ်းသာကြွယ်၀မူတွေ မပါပဲ သူကိုချစ်‌ေစချင်ခဲ့တာ  

လက်ထပ်ပြီးတော့ တစ်ချိန်ကျ ကွာရှင်းမယ်  ပြီးရင် သူမကို လက်ထပ်ခွင့် တောင်းမယ်ပေါ့ အခုကျ တွေ့လိုက်ရ ချင်းချင်းမှ  တစ်မျိုးတမည်ရတယ်။  သူစိတ်‌ေတွ ပြောင်းသွားပြီးလား? ဘာလို သူမကို ပြန်တွေ့ရတာ အရင်လိုမဟုတ်တော့တာလဲ ?

"ပြန်တွေ့ရတာ ၀မ်းသာပါတယ် ယွန်ဂျောင်နာ "

ယွန်ဂျောင်နာတဲ့ နာမည်လဲ လှသလို လူကလဲ သိပ်လှတယ်။ ဒါပေမဲ့......!

သူအရှေ့စာပွဲပေါ်မှ ထိုင်နေတဲ့ သူမကိုကြည့်ရင်

"  ဒို့ကတော့ ကင်မ်ကို လွမ်းနေတာ "

လွမ်းတယ်လို ပြောတော့  သူပြုံးယုံ ပြုံးပြလိုက်တယ်

" အိမ်ထောင်ကျသွားမှန်း ဒို့သိပါတယ်  "

ထူးဆန်းမနေတော့ပါ ထူးဆန်းစရာလဲ  မလိုပါ လက်ထပ်မူက  ဟိုးလင်းတစ်ကျော် ဆောင်ခဲ့တာပဲ ဒီတော့ သူမ သိတာ မအံဩပါ။

"  ယောကျာ်းလေး တစ်ယောက် ဆိုတာလဲ သိတယ် "

"အင်း..."

သူမပြောတော့လဲ သူခေါင်းညိမ့်ယုံ ညိမ့်လိုက်တယ် ။ဒါက အမှန်တရားပဲကို

" ထူးဆန်းတယ်နော် မိန်းခလေးပဲ ကြိုက်ခဲ့ပြီးတော့မှ "

သူမက အခု သူကို လာခနဲ့နေသလိုပဲ

ကျွန်တော့် အမျိုးသား ခင်‌ဗျား(Completed)Место, где живут истории. Откройте их для себя