"...Tom....."
ည10နာရီလောက်အချိန်ရှိသေးပေမဲ့ ထယ်ယောင်းက သူအလုပ်စာပွဲမှ ထိုင်ပြီး မကြာခင် swedishကို သွားရမှမို့ emailတွေ ပို့ပေးေနတယ်။ ဂျီမင်ကလဲ သူပါးပါးရဲ့ အလုပ်တွေက အနောက်ကနေ တာ၀န်ယူပေးနေတာ Mac Bookတစ်ခုနဲ့ မအားရှာ ။ ဗိုက်က အော်နေတဲ့အသံကြောင့် Mac Bookကို ပိတ်လိုက်ပြီး ဆိုဖာပေါ်က ထလိုက်တယ်။ ညနေ့ကတည်းက အလုပ်ကိုယ်စီနဲ့မို့
နစ်ယောက်သားက စကားသိပ်မပြောဖြစ်ပေ ...
"ဟင့် ..."
"အပြင်သွားချင်တယ် "
Laptopပေါ်က မျက်လုံးက သူဘက်လှည့်ကြည့်ရင် laptopေပါ်မှ ပြေးနေတဲ့ ထယ်ယောင်းလက်ချောင်းလေးတွေက ရပ်တန့်သွားတယ်။
"ညနက်နေပြီးလေ .. "
"ဗိုက်ဆာလို "
" ဘာစားချင်လဲ မှာပေးမယ် "
အပြင်ထွက်၀ယ်စားစရာ လိုလိုလား ?ဒီခေတ်မှ သူဖုန်းတစ်ချက်ဆက်လိုက်နဲ့ ဘာစားစရာဖြစ်ဖြစ် အိမ်ရှေ့အရောက် ရောက်လာမှကို
" အပြင်သွားချင်တယ် ဟန်မြစ်မှ ခဏ လမ်းလျှောက်ချင်တယ် "
"မရဘူး ..."
ဟန်မြစ်က ဒီချိန်လူေတွက ရူပ်ရူပ်ရှက်ရှက်ရယ်ပါ ။ ဘယ်အချိန် သူတို့ကို ပစ်မှတ်ထားမယ်မှန်းမသိတဲ့ လူတွေကလဲ ရှိနေမှပဲ ။ရာသီဥတုက အေးကအေးနဲ့
" ဘာစားချင်လဲ မောင်မှာပေးမယ် အပြင်မထွက်နဲ့တော့ အေးတယ်.. "
ထယ်ယောင်းက ပြန်လှည့်ကာ laptopကိုပြန်အာရုံစိုက်နေလေသည်။
"Tom ....."
အသံက ချိုချိုးအေးအေး သေးသေးလေးကိုမှ သူနာမည်လေးကို ဆွဲပြီး ခေါ်လိုက်တာ သံစဉ်လေးတစ်ခုလိုပဲ အမြဲ ပုံမှန်အသံလေးနဲ့ပဲ ပြောတက်တဲ့ ဟန်နီက အခုတော့ ။
ကဲ ဒီမောင်က မင်းကြောင့် ရူးရပြီးပေါ့ ...
"ဟုတ်ပြီး မောင်လိုက်ပို့ပေးမယ် "
သူ့လူအကြောင်းလဲ သူ့သိတာမို့ သူ့မသွားခိုင်းလဲ ရအောင်သွားမှ မသက်သာတဲ့ အဆုံး လိုက်ပို့ယုံပေါ့ ။
မင်းကြောင့်နဲ့ မောင်တော့ ခက်ပြီး ....*
" တော်ပြီးလေ.. "
