14

10.2K 616 31
                                        

📱

My Youth ,My youth is yours

Trippin' on skies ,sippin waterfall

My youth ,my youth is yours ....   

အိပ်ယာဘေးက မြည်နေတဲ့ ဖုန်းကြောင့် လန့်နိူးသွားရင် ခေါင်းထောင်မလို လုပ်ကာမှ  တင်းတင်းကျပ်ကျပ် ဖတ်ခံထားရတာကို သတိရတော့ လွယ်လွယ်ထမရ  ။သူဖတ်ထားတဲ့ ကိုယ်ခါးပေါ်က သူလက်ကို အသာဘေးချရင် ကုတင်ပေါ်က ထလိုရတယ် ။ ဖုန်းကို ကုတင်ဘေးက စာပွဲပေါ်ကနေ လှမ်းကိုင်ရင် နံပါတ်ကြည့်လိုက်တော့

"ဟဲလို ‌ဟိုဆော့ ပြော "

"အင်း  မင်းလာဖို့ပဲ အရေးကြီးတယ် "

"အင်းအင်း အချိန်မှီ လာခဲ့မယ်  "

ဟိုဆော့နဲ့ ဖုန်းပြောပြီး ကုတင်ပေါ်မှ အိပ်နေတဲ့လူကို တစ်ချက်ကြည့်ပြီး ရေချိုးခန်းထဲ ၀င်သွားသည်။ မျက်နှာသစ်ပြီး ထွက်လာတော့ ကုတင်ပေါ်က လူက မထသေးတာမို့ သူလဲ အ၀တ်အစားလဲပြီး အောက်ထပ် ဆင်းသွားတယ် ။

"မောနင်း မားမား မောနင်းပါးပါး "

"မောနင်း သား "

မားမားရဲ့ ပါးကို တစ်ချက်နှာခေါင်းနစ်၀င်သွားအောင် နမ်းလိုက်သည်။ ထမင်းစားခန်းထဲက ခုံလွတ်မှ ၀င်ထိုင်ရင်

"ကြီးမေ "

"ရှင် "

ကြီးမေက ဒီအိမ်က အိမ်ထိန်း သူကိုလဲ သားရင်းလို ချစ်ပေးတာ သူငယ်ငယ်ဘ၀က ကြီးမေနဲ့ပဲ နေခဲ့ရတာ များတယ် ။

"သားဘာစားရမလဲ "

" သားကြိုက်တာပဲ လုပ်ထားပေးတယ် "

သူဒီရောက်ကထဲက ရေဘဝဲဟင်းချဉ်စပ်နဲ့ ပဲခေါက်ဆွဲပဲ စားဖြစ်တာ များတယ် သူကြီးမေ လုပ်ပေးတာ ဆိုင်နဲ့တောင်မတူ အရမ်းစားကောင်းတာကို

ခေါင်းမဖော်တမ်း ပဲခေါက်ဆွဲကို စားနေရင်

"သားထယ် နိးပြီးလား ?"

"ဟုတ် "

မားမားခေါ်လိုက်တဲ့ အသံကြောင့် လားရာကို တစ်ချက်ကြည့်ရင် ပြန်ငုံစားနေသည်။ ထယ်ယောင်းလဲ ဂျီမင်ဘေး ၀င်ထိုင်လိုက်တော့ ဂျီမင်က မသိမသာ အနည်းငယ် ခုံရွေ့လိုက်တယ်။ ထယ်ယောင်းက တစ်ချက်ကြည့်ရင်  ဂျီမင်ခုံကို သူဘက်ပြန်ဆွဲသည်။စားနေတဲ့ ဂျီမင်က ပဲခေါက်‌ဆွဲအနစ်တွေက နူတ်ခမ်းပေါ်ကော့ ဘေးပါ ပေသွားတာကြောင့် မျက်မှောင်ကြုပ်ရင် စိုက်ကြည့်လိုက်သည်။ ဂျီမင်ရဲ့ အဖေနဲ့ အဖေကတော့ သူတို့နစ်ယောက်ရဲ့ အနေအထားကို မသိသလိုသာ စိုက်ကြည့်နေသည် ။

ကျွန်တော့် အမျိုးသား ခင်‌ဗျား(Completed)Where stories live. Discover now