"တကယ် "
"အင်း "
"ဝါး ....မယုံနိင်စရာပဲ "
" အင်း ..ငါလဲ မယုံရဲသေးပါဘူး "
" ပျော်နေတယ် မဟုတ်လား? ဂျီမင် "
ကော်ဖီဆိုင်ကို လာပါ ဆိုပြီးအတင်းခေါ်ပြီးမှ ဟိုဆော့မှ အလျင်အမြန်လာရတယ်။ ဂျီမင်ရဲ့ သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးလဲ ဟုတ်သလို ညီတစ်ယောက်လို ဆိုရင်လဲ ဟုတ်တယ်။ တစ်ခါကလို သူကြောင့် ဂျီမင်တစ်ခုခု ထပ်ဖြစ်မှ သေအောင် ကြောက်ခဲ့တာ တကယ်ဆို အဲနေ့က သူဂျီမင်ကို ပစ်မထားခဲ့သင့်ဘူး ။ ဒါအတွက်ကြောင့်လားမသိ အဲဒီအရာကို သူအပြစ်လိုပဲ ခံယူခဲ့ရင် ဂျီမင်အနားမှ သူအရိပ်လိုရှိနေခဲ့တာ သူလဲ တစ်ဦးတည်းသော သားဖြစ်သလို ဂျီမင်ကလဲ တစ်ဦးတည်းသောသားမို့ တစ်ယောက်ကို တစ်ယောက်အပြန်အလှန် မှီခိုအားကိုးကျတယ်။ ကွယ်ဝှက်ထားစရာ မရှိအောင် ပြောဆိုနေထိုင်ခ့ဲကျပေမဲ့ အခုတော့ သူကပဲ ဂျီမင်လေးကို သစ္စာဖောက်လိုက်မိသလို...
" ဟင့်အင်း...သူက ယုံရတာမှ မဟုတ်တာ "
မျက်လုံးနား ထိုးနေတဲ့ ဆံပင်လေးတွေကို ဖယ်လိုက်ရင်
" ဟိုဆော့ မင်းကော့ "
"ဘာကိုလဲ ? "
သောက်မလို လုပ်နေတဲ့ကော်ဖီခွက်ကို တန်လန်းရပ်ရင် မျက်ခုံးပင့်ကာ ပြန်မေးလိုက်တယ် ။
" ချစ်ရမယ်သူ.."
"အင်း..."
"ဟင့် "
"ဟေ့ စိတ်မဆိုးန့ဲနော် ငါမင်းကိုအသိပေးမလိုပဲ မင်းက အရင်မေးလို "
စိတ်ဆိုးမလိုကို ဟိုဆော့က အရင်ပိတ်ေပြာလိုက်တာကြောင့် စိတ်ဆိုးရ ခက်သွား ဟွန်း သူမှတော့ ဘာမှ ကွယ်ဝှက်မထားပဲ အရာရာကိုပြောပြခဲ့တာ အခုကျ သူကြိုက်နေတဲ့ လူတောင် မသိရ
" ဘယ်သူလဲ ..."
" မင်းလူရဲ့ သူငယ်ချင်း "
ဟိုဆော့က နားသည်စပ်လေးကို ကုတ်ပြီး ဖြေလိုက်သည်။
"ဟင့် မဟုတ်မှ "
"မင်ယွန်ဂီ "
"အင်း "
