ဂျော်နီရဲ့ ရုပ်အလောင်းကိုတောင် ပြန်တွေ့ရသေးသည်။ ကျောက်ဆောင်နဲ့ ဆောင့်မိလို အနောက်ဘက်က ဦးခေါင်းကွဲကာ သေဆုံးခြင်းသာ ဒါက ရေထဲသို့ ပြုတ်ကျပြီး တစ်ရက်အကြာမှ ပြန်ေတွ့ချင်....အခုထိ သူ့ဟန်နီကတော့ မေတွ့သေးပါ။
" အကိုကြီး ..!"
အခန်းတံခါးကို လာခေါက်တဲ့ ယူရီကြောင့် ..!
" ၀င်ခဲ့ ..!"
ယူရီ၀င်သွားတော့ ..
" အကိုဂျောင်ကုဖုန်းဆက်တဲ့ အကိုကြီးဖုန်းမကိုင်လိုတဲ့ ..!"
" ဘာတဲ့လဲ..?"
" ပြောစရာရှိလိုတဲ့ ..!"
ကမ်းပေးလာတဲ့ ဖုန်းကို ကိုင်လိုက်ရင်
" ပြော ဂျောင်ကု ..!"
အသက်မပါတဲ့လေသံနဲ့ အရာရာကို စိတ်မရှည်တဲ့ ပုံစံ
" ထယ်ယောင်း ဂျီမင်ကို တွေ့ပြီး ..!"
" ဘာ ..!"
"အင်းပြန်တွေ့ပြီ အခုလာခဲ့ .!"
သောက်လက်စ ပုလင်းက လွှတ်ချသွားလေသည်။
" ဘယ်မှလဲ ..?'
" ဒယ်ဂူဆေးရုံမှ ..!"
ထယ်ယောင်းချက်ချင်းမက်တပ်ရပ်လိုက်ရင်
" ငါလာခဲ့မယ် ..!"
" အေး ဆိုဘင်ကိုပဲပေးမောင်းလိုက် ငါဆိုဘင်ကိုနေရာအတိအကျပေးလိုက်မယ် ..!"
ဖုန်းကို ချက်ချင်းချကာ အိမ်အောက်ထပ်ကိုေပြဆင်းသွားလေသည်။
" အကိုကြီး ..!"
အရှေ့ကနေ ပြေးသွားတဲ့ ထယ်ယောင်းကို သတိလိုက်ပေးချင်သာ။ တကယ်တော့ သူ့အကိုကြီးက အကိုလေးဇောနဲ့ ဖိနပ်တောင် မစီးသွားတာ...
/
အချိန်တော်တော်ကြာ မောင်းလိုက်ရပြီးမှ ရွာဆေးရုံတစ်ခုမှ ဆိုဘင်ကာ ကားထိုးရပ်လိုက်သည်။ ထယ်ယောင်းပြောမနေတော့ပဲ ကိုယ်ဟာကိုယ် ကားတံခါးဖွင့်ပြီး ဆေးရုံထဲကို အလျင်စလို၀င်သွားေတာ့သည်။ ကောင်တာက သူနာပြုဆရာမလေးကို မေးရင်
" ဒီမှ ဂျီမင်ဆိုတဲ့လူရဲ့ အခန်းများသိနိင်မလား ?"
သူနာပြုကာ ထယ်ယောင်းစူးစိုက်ပြီးတော့မှ
