မနက် မိုးလင်တာနဲ့ ဂျော်နီအတွက် သတင်းမှ သတင်းဆိုးသာ ဖြစ်သည်။ အရင်အမတ်ဟောင်း အကျင့်ပျတ် ချစားမူနဲ့ အမတ်နေရာကနေ ဖြုတ်ချခံလိုက်ရတဲ့ ချောင်းဆော့ဟွန်းနဲ့ ဂျော်နီတို့က အစထဲက စီးပွားရေးအချိတ်အဆက်နဲ့ ရှိသလို။ ဂျော်နီတို့ရဲ့ companyကိုလဲ မြေကွက်နေရာတွေကို ပေးထားခဲ့တာ နိင်ငံတော် မသိပဲ ရယူထားတာ ။ ဒါတွေက အခုမှ ရုတ်တရက် onlineကနေ အချက်အလက်တွေနဲ့ အမည်မသိသူတစ်ယောက်က တင်ပေးလိုက်သောကြောင့် မီဒီယာတစ်ခုလုံးတောင် မက စီးပွားရေးသမားကြားမှတောင် တော်တော် ဂယက် ရိုက်သွားသည်။ နောက်ထပ်တစ်ခုက လူရိုက်ခိုင်းမူ Kim group ရဲ့ တစ်ဦးတည်းသော သားကို လုပ်ကြံခိုင်းမူ ။ ဟန်မြစ်မှ CCTVကနေတစ်ဆင့် ဆိုင်ကယ်သမားနစ်ယောက်ကို စစ်မေးရမှ ထွက်လာတဲ့ အဖြေက စေခိုင်းမူ ။ နောက်ထပ်က နိင်ငံတွင်းကို ရုရှားကနေ လက်နတ်တွေ တရားမဝင် မှောင်ခိုကူးမူ နဲ့ ဘိန်းတွေရောင်း၀ယ်မူ ။
" တောက် ငါအကြောင်းကို ဘယ်ကောင်က သိနေတာလဲ .."
အတွင်းရေးမူး လာပြတဲ့ သတင်းကြောင့် သူမှ သွေးတောင် ဆောင့်တက်။ ဒါက သူနာမည်နဲ့ လုပ်ထားတဲ့ အလုပ်လဲ မဟုတ် ။ အားလုံးကို တစ်ဆင့်တစ်ဆင့် လက်လွှဲထားတာ ။ ဒါကိုမှ ရအောင် ဖော်နိင်တာ ..ဘယ်သူလဲ ..?
သတင်းခေါင်းကြီးပိုင်းမှ သူမျက်နှာက ဝေဝေဆာဆာ ။ လက်နက် ရောင်း၀ယ်မူတွေ ဆေးတွေပါ ပါလာတာကြောင့် အခုချိန်မှ သူတိမ်းရှောင်ယုံသာ ...သူသိချင်တယ်။ သူအကြောင်းကို အသေးစိတ်က အစ သိတဲ့ လူကို
* တွေ့လိုကတော့ မင်းအသက်ကို တစ်စစီ ဖဲ့ယူပစ်မယ် *
/
" ဟန်ဒို၀န် အဆင်ပြေလား ..?"
" ဟုတ် .."
" Companyမှကော့ ထိခိုက်သွားတာ ရှိတာလား ..? "
မောင်အိပ်နေတာကြောင့် သူအခန်းပြင်မှ ဖုန်းထွက်ပြောရသည်။ ဒါက မောင်မသိတဲ့ အရာတွေပဲ...
" မရှိပါဘူး အကိုလေး..!"
" သူကော့ ..!"
" ထွက်ပြေးနေတယ် ထင်တယ် .."
" ထပ်ပြီး စောင့်ကြည့်အုံး ... သူကို ..!"
" ဟုတ် အကိုလေး ..!"
