" အဲမျက်နှာက ဘာဖြစ်နေတာလဲ ?"
ရှင်းဟွာကို သွားချင်တယ် ပြောတာနဲ့ မျက်နှာက ရှစ်ခေါက်ချိုးနဲ့ ရှင်းဟွာက ကလေးတွေနဲ့ မောင့်က ဘာကိုအမြင်မကြည်လဲတော့ မသိ ။
"မောင့်မျက်နှာက ဘာဖြစ်နေလိုလဲ... ?"
" ဆူပုတ်နေတာလေ .."
ရေချိုးခန်း၀င်လဲ အကြာကြီးပဲ အခု အ၀တ်အစားကိုလဲ ဟိုဟာရွေး ဒီဟာရွေးလိုက်နဲ့ အခုထိ တစ်ထည်မှ စိတ်တိုင်းကို မကျနေတာ ။
" ကလေး လိုချင်နေတဲ့ လူက အဲလိုပုံလား... ?"
ကလေးလိုချင်တယ်လို ပါးစပ်က အားအားရှိတိုင်း ပြောနေပြီးတော့ အခုကျ ကလေးတွေနဲ့ သူ့နဲ့က ရန်သူတွေကို ကျနေတာပဲ ။
ဘီဒိုထဲမှ အကျီပေါင်းများစွာ ၀တ်မကုန်အောင် ရှိနေတာကို အတင်းဖြဲရဲရှာပြီး ကုတင်ပေါ်မှ ထိုင်နေတဲ့ သူ့ကို လှည့်ကြည့်ရင် ..
" မတူဘူးလေ ဟန်နီကလဲ မောင့်တို့ရဲ့ သွေးသားကမောင့်တို့ရဲ့ သွေးသားပေါ့ အခြားကလေးကအခြားကလေးပဲ "
ကြည့်ရတာ မောင့်က သူ့သွေးသားမှ ချစ်မယ်ပုံ ။ အခြားကလေးတွေကိုလဲ ချစ်တယ်ဆိုပေမဲ့ သူ့နားအတင်းကပ်နေတဲ့ကလေးတော့ မပါပါ။ တန်တန်လေးနဲ့တော့ ရင်းနှီးအောင် လုပ်ပေးမှဖြစ်မယ်။
" နောက်ကျနေပြီး သွားရအောင် "
ရှပ်အကျီ အညိုရောင်လေးကို ဂျင်းဘောင်းဘီလေးနဲ့ တွဲ၀တ်ပြီး အရှေ့ဆံပင်လေးကို ချလိုက်တော့ မောင့်က ဆယ်ကျော်သက်လေးလိုပါပဲ ။မောင့်ကဘာ၀တ်၀တ် လိုက်တဲ့ လူမျိုး ...
ဒီနေ့ မောင့်ကြောင့် ရှင်းဟွာကိုနောက်ကျမှ ရောက်ပြန်သည်။ ဆိုဘင်က ကားမောင်းခဲ့ပေမဲ့ အနောက်ခန်းမှ နစ်ယောက်သားက အိမ်မှ ဖြစ်တဲ့ ပြသာနာကို ဖြေရှင်းလို မပြီးသေး။
" အဲကလေးတွေက ဟန်နီနား သိပ်ကပ်လွန်းတယ် .."
တကယ်ပါ မောင့်က အဲလိုလူမျိုး သူ့နားမှ လာကပ်နေတဲ့ လူတွေ မပြောနဲ့ကလေးန့ဲတောင် သ၀န်တိုနေတာ ..
" ကလေးလေး အဲတာ သူ့တို့မှ မိဘတွေ မရှိလို ကောင်းပေးတဲ့လူနားကပ်မိတာ အပြစ်လား ?"
