39

6K 404 23
                                        

လွန်ခဲ့တဲ့ 8နှစ်က

Royal's groupက ပတ်ဂျွန်ယောင်း မွန်ချေ၀မ်တို့ရဲ့ သားပြန်ပေးဆွဲ ခံရခြင်း ..

ခေါင်းစဉ်နဲ့  သတင်းခေါင်းကြီးပိုင်းအားလုံးနီးပါးမှ  ပါလာကျသည်။ အတွင်းရေးမှူးက ပြန်ပေးဆွဲတာလို သတင်းရပေမဲ့  ရဲတွေ စုံထောက်တွေမြောက်များစွာနဲ့ လိုက်ရှာခဲ့ပေမဲ့ မတွေ့ ..

" ငါသား ဘယ်မှလဲကွာ..!"

Company ရုံးခန်းမှ ရှိပေပေမဲ့ အချိန်နဲ့အမျှ သားရဲ့ သတင်းကိုတော့ ရသလောက် လိုက်နေလေသည်။  သူ့အတွင်းရေမှူးက companyရဲ့ ငွေတွေ လိမ့်လည် ထားသလို မူးယစ်ဆေးဝါး လောင်းကစားကိစ္စတွေပါ ရှိတာမို့ ပတ်ဂျွန်ယောင်းက companyက အလုပ်ထုတ်ပစ်လိုက်သည်။ ဒါကို အတွင်းရေမှူးက မကျေနပ်ပဲ သူ့သားတက်နေတဲ့ ကျောင်းကို နောက်ယောင်ခံလိုက်ရင်သားကို ပြန်ပေးဆွဲသွားတာ ။ သားရဲ့ မားမားဆို ကြားကြားချင်းသတိတောင်မေ့သွားတာ ။ သူ့ကတော့ ပြိုလဲလိုမရပါ သားအတွက်ကော့ သူ့မိန်းမအတွက်ပါ  ရင်ဆိုင်ရအုံးမယ်။

" ကျွန်တော်တို့  အကောင်ဆုံး ကြိုးစားပေးနေပါတယ် "

ရဲမူးကြီးကပြောပေမဲ့လဲ ပတ်ဂျွန်ယောင်းအားမရပါ။ သူ့သားပျောက်နေတာ အခုဆို နစ်ပတ်လောက်ရှိပြီး ကိုးရီးယားက ရှိရှိသမျှ ရဲတွေစုံထောက်တွေထောက်လှမ်းနေပေမဲ့ အခုထိ ခြေရာ သေးသေးလေးတောင်မမိသေး။


/

" ဒီအိမ်လား ..?"

သူငယ်ချင်း သုံးယောက် ဆိုင်ကယ်ကိုယ်ဆီနဲ့ မြို့ပြင်ဘက်ကို လာခဲ့ကျတာ  ။ ကိစ္စကတော့ ဂျောင်ကုနဲ့ ထယ်ယောင်းအလောင်းအစား ကိစ္စ  အိမ်အိုပျတ်ကြီးထဲကို တစ်ယောက်ထဲ ၀င်နိင်ရင် လိုချင်တာတောင်းဟူ၍ ထယ်ယောင်း ခေါင်းညိမ့်လိုက်ခြင်းသာ။

" အေး "

အိမ်ကိုအရင် မြင်ရတာ မဟုတ်ပါ။ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာ  အိမ်ရဲ့ အပေါ်မိုးတစ်ချို့လဲ ပြိုပျတ်ကျနေလေသည်။ ဒီအိမ်က လူမနေတဲ့အိမ်ထက် သရဲအိမ်လို ပြောရင် ပိုမှန်တယ်။ ဘာလိုဆို ဒီနားက ညဘက်ပြတ်သွားဖူးတဲ့ လူတွေတိုင်းက  သရဲကို တွေ့ကျတယ်ဆိုတာပဲ ။ ဒါပေမဲ့ ထယ်ယောင်းမယုံပါ။ သရဲက ဘယ်လိုရှိမှလဲ စိတ်တွေစွဲပြီး မြင်နေတာကို မဟုတ်တမ်းတရား ‌လိုက်လျှောက်ပြောသရဲထက် ကြောက်ဖို့ကြောက်တာ လူပဲ ရှိတဲ့ ဟာကို..!

ကျွန်တော့် အမျိုးသား ခင်‌ဗျား(Completed)Donde viven las historias. Descúbrelo ahora