" ပေးစမ်း "
အနောက်နေ ဘယ်အချိန်၀င်လာမှန်းမသိတဲ့ အသားညိုညိုနဲ့ ဦးလေးကြီးက သူဖုန်းကို ဆွဲလုသည်။
" နည်းနည်းလေးရောလိုက်တာနဲ့ ငါတို့ကို
ငတုံးလို ထင်နေတာလား ?"
သူ့ဘာပြောလိုဘာပြောရမှန်းမသိ မောင်နဲ့ ဘာမှတောင်စကားမပြောရသေးတဲ့ အချိန်မှ အလုခံလိုက်ရတာ ဒါပေမဲ့ မောင်ခြေရာခံမိမှပါ ဖုန်းကနေ တစ်ဆင့် ..
" အကိုကြီးဘာဖြစ်တာလဲ ?"
ညစ်စုတ်စုတ်နဲ့ ဦးလေးကြီးကပါ အခန်းထဲ ၀င်လာပြီး သူတို့နစ်ယောက်အဖြစ်အပျတ်ကို ဘာမှ မသိတဲ့ပုံစံနဲ့ မေးသည်။
" ဒီကောင်လေး ငါဖုန်းကို ယူသွားတယ် ""
"ဟမ်..!"
မဖွင့်သေးတဲ့ မျက်လုံးက အခုမှ ပွင့်သွားသလိုပဲ ..! ဂျီမင်အကျပ်ရိုက်သွားတာတော့အမှန်...
" ကျွန်တော်ဖမ်းထားတာ ဦးလေးတို့အန္တာရာယ်ကင်းမယ်လို ထင်နေလား ?"
သူ့ေပြာတော့ အသားခပ်ညိုညိုနဲ့ ဦးလေးကြီးက သူ့ကို မျက်မှောင်ကြုပ်ပြီး ကြည့်သည်။
" ငါတို့ကို ပြန်ချိန်းခြောက်နေတာလား ?"
" ပြောပြတာပါ Royal's groupက သားကိုမှ ဦးလေးတို့ ဖမ်းခေါ်လာတယ်ဆိုတာကော့ သိရဲ့လား ?"
ဂျီမင် ခပ်တည်တည်နဲ့ပဲ ပြန်ပြောလိုက်သည်။ စကားကောင်းပြောလိုရမယ်သူ့မှမဟုတ်တာ ..!
"ဘာ Royal's group ..!"
ညစ်စုတ်စုတ် ဦးလေးကြီးက လန့်သွားတာတော့အမှန်ပဲ..တကယ်ပဲ သူ့ဘယ်သူဆိုတာကို တကယ်ပဲ မသိကျတာလား ..?
"အဟင့် ကျွန်တော်ဖမ်းထားတဲ့အတွက် ဦးလေးကြီးအပြစ်ကင်းမယ်ထင်နေလား ကျွန်တော်အမျိုးသားက ခင်ဗျားတို့ကို ရေဆုံးမြေဆုံးလိုက်သတ်မှပဲ .."
ခပ်ညိုညို ဦးလေးကြီးရဲ့ မျက်နှာက အရောင်တစ်ချို့ပြောင်းသွားခဲ့သည်။
" အခု ကျွန်တော်ကို လွှတ်ပေးရင် ခင်ဗျားတို့ကိုလည်းအမှုမဖွင့်သလို ပြောထားတဲ့အတိုင်း ကျွန်တော်ကို ဖမ်းခိုင်းတဲ့ လူထက် 10ဆပေးမယ် "
