Chapter(3)-လှည့်စားဖို့ကြိုးစားနေတာလား

6.7K 759 2
                                    

Unicode

လုလျန့်ဝေက လုယွင်ရွှမ်းကိုကြည့်ပြီးပြောလိုက်တယ်
" အစ်မကြီး ကျမပြောတဲ့အဓိပ္ပါယ်ကို တကယ်ပဲနားမလည်ဘူးလား"

လုယွင်ရွှမ်းက ကိုယ့်ကိုယ်ကိုပြန်ထိန်းလိုက်တယ်။ သူမရှေ့က မိန်းမပျိုလေးက အားနည်းပုံပေါ်ပေမဲ့ သူမမျက်လုံးတွေကတော့ စူးရှလို့နေတယ်။ သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာ အဲ့ဒီမျက်လုံးတွေက အရင်ကနဲ့မတူအောင် စူးရှလို့နေတယ်။
လုယွင်ရွှမ်းက မသက်မသာခံစားလိုက်ရတယ်။
အရင်တုန်းက လုလျန့်ဝေက ကြွေအရုပ်လေးလို့ အဆင်းရှိပေမယ့် အချင်းမရှိတယ့်သူဖြစ်တယ်။စစချင်း သူမရဲ့ရုပ်ရည်နဲ့လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ပေမယ့် သူမရဲ့ဥာဏ်မရှိမှုက လူအားလုံကို စိတ်ဝင်စားမှုလျော့ကျသွားစေတယ်။
ဒါပေမဲ့ အခုမြင်နေရတဲ့ လုလျန့်ဝေကတော့ ကွဲပြားတဲ့အရှိန်အဝါတစ်ခုရှိနေလေတယ်။
လူအတူတူပေမယ့် ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်လောက်တဲ့အထိစွမ်းအားအပြည့်ရှိနေတယ်လို့ထင်ရစေတယ်။

လုလျန့်ဝေက အမြဲတမ်းအလှလေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ ငြို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့အလှလေးတစ်ယောက်လိုဖြစ်နေတယ်လေ။

လုယွင်ရွှမ်းက မျက်မှောက်ကြုတ်လိုက်ပြီး သူမရင်ထဲက မကျေနပ်မှုတို့ကိုဖုံးကွယ်လိုက်ကာ ရည်ရည်မွန်မွန်လေးပြောလိုက်တယ်
" ကိုယ်လုပ်တော်ရာထူးက ညီမလေးရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီပေမယ့် အစ်မတို့နှစ်ယောက်စလုံး က အိမ်ရှေ့စံကို အတူတူ ခစားနိုင်တာက ကောင်းတဲ့အရာပဲလေ"

' ညီအစ်မနှစ်ယောက်စလုံးက အဲ့ဒီငတုံးအိမ်ရှေ့စံကို ခစားမယ်? အမလေး ဟာသတွေ'
လုလျန့်ဝေက စက်ဆုပ်မှုတို့ကို ဖုံးကွယ်ပြီး ပြောလိုက်တယ်
" အစ်မကြီး က အိမ်ရှေ့စံကို တခြားမိန်းမတွေနဲ့ မျှဝေမလို့ ဘယ်လောက်တောင်ရက်ရောလိုက်သလဲနော်၊ အစ်မကတော့ တော်ဝင်မိန်းမကောင်းတို့ရဲ့ စံပြပါပဲ၊ ကျမတော့ အစ်မကို အရမ်းလေးစားမိသွားပြီ"

လုယွင်ရွှမ်းရဲ့ လှပတဲ့မျက်နှာလေးက အနည်းငယ်ပျက်သွားလေတယ်။
လုလျန့်ဝေရဲ့ စကားတွေထဲမှာ ထေ့လုံးငေါ့လုံး ကိုရှာလို့မတွေ့နိုင်ဘူး။
(TN: တကယ်တော့ ငေါ့ပြောတာပါ ဒါပေမဲ့ လုလျန့်ဝေက စကားပြောတာမှာ အလိမ္မာလေးသုံးပြီး အားကျသလိုပုံလေးနဲ့ အေးအေးဆေးဆေးလေးပြောသွားတာပါ၊ ဒါကြောင့် ငေါ့နေမှန်းမသိသာဘူးပြောချင်တာပါ)
တကယ်တော့ လုယွင်ရွှမ်းက အိမ်ရှေ့စံကို ဘယ်သူနဲ့မှ မဝေမျှချင်ပါဘူး။ အမှန်က လုလျန့်ဝေကို အစပျိုးပေးတာပါ။
လုလျန့်ဝေက ပြောင်းလဲလာပြီထင်ပါရဲ့။ အရင်တုန်းကလို လုယွင်ရွှမ်းပြောတာနဲ့ ဒေါသတွေထွက်မနေသလို မထီမဲ့မြင်ပုံလည်းဖြစ်မနေ​တော့ပါဘူး။
ဒါက လုယွင်ရွှမ်းကို စိတ်ပျက်စေပါတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now