Chapter(9)-စာကြည့်ခန်းထဲကလူ

5.7K 674 1
                                    

Unicode

ဒီရက်ပိုင်းတွေမှာ ဝေဝေ လုံချီရဲ့နောက်ကို လိုက်တာမျိုး မတွေ့ရဘူး။ သူမက အစ်ကိုဖြစ်သူနဲ့ သာ အချိန်ပိုဖြုန်းလေ့ရှိပြီး ဒီလူအိုကြီးကို ခေါင်းစားရသက်သာလာစေတယ်။
ဒါပေမယ့်လည်း ဘယ်လိုပဲစဥ်းစားစဥ်းစား လုဟန်ထျန်း အတွက်တော့ သူ့သမီးက အနည်းငယ်ပြောင်းလဲသွားသလိုပဲ။
....

ကုန်ဆုံးသွားတဲ့ရက်တွေမှာ လုလျန့်ဝေကတော့ ကောက်သစ်တာရာခြံဝန်းဆီကို သွားမယ်။ ပြီးရင် လုထင်ချန်ကို သွားရှာလိမ့်မယ်။
တခါတလေကျရင် မောင်နှမနှစ်ယောက် အစားအသောက်ကို အတူတူစားသောက်မယ် ဒါမှမဟုတ် စစ်တုရင် အတူတူ ကစားရင် ကစားလိမ့်မယ်။ အခုဆိုရင် မောင်နှမ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုပြီး ကောင်းမွန်လာပြီ။

ဒီနေ့မှာတော့ လုလျန့်ဝေက လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ မုန့်အချို့ကိုယူပြီး ကောက်သစ်တာရာခြံဝန်းဆီထွက်လာခဲ့တယ်။ ဒါပေမယ့် လုထင်ချန် က ခြံဝန်းထဲမှာ ရှိမနေပါဘူး။
ဒါပေမယ့် ဒါက သူမအကြောင်းမဟုတ်ပါဘူး။ လုထင်ချန်က စစ်တပ်ရဲ့ တပ်မှူးဖြစ်တာကြောင့် သူမှာ အင်ပါယာမြို့တော်တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။ ဒါကြောင့် အလုပ်ရှုပ်နေတာက သူ့အတွက်တော့ ပုံမှန်ပါပဲ။

ဒါကြောင့် သူမက အဲ့ဒီမှာရှိနေတုန်းစာအုပ်တစ်အုပ်လောက်ဖတ်ဖို့ စိတ်ကူးတာကြောင့် အစ်ကိုဖြစ်သူရဲ့ စာဖတ်ခန်းဆီသာ သွားလိုက်ပါတယ်။
သူမရဲ့ တစ်နေ့တာတွေကို ဒီလိုသာ ဖြတ်ကျော်ပါတယ်။ လုထင်ချန် ရှိမနေခဲ့ရင် သူမက သူ့ရဲ့စာဖတ်ခန်းထဲမှာ စောင့်နေပါလိမ့်မယ်။
သူမမှာလည်း ဆေးစာအုပ်တစ်အုပ်ပါလာတာကြောင့် အစ်ကိုဖြစ်သူကိုစောင့်ရင်း ဒီတစ်နေ့ခင်းလုံး အချိန်ဖြုန်းနေလို့ရပါတယ်။

စာဖတ်ခန်းတံခါးက သေချာပိတ်မထားပါဘူး။ တံခါးဆွဲဖွင့်ဖို့လုပ်လိုက်တဲ့အချိန်မှာ​တော့ အခန်းထဲကနေ ခေါင်းဆိုးသံခပ်အုပ်အုပ်ကို ကြားလိုက်ရပါတယ်။ သူမ လည်း တန့်သွားမိတယ်။
' အစ်ကိုကြီးများ ဖျားနေတာလား'
သူမလည်း တံခါးဖွင့်တော့မယ့်အချိန်မှာပဲ အခန်းထဲက အသံတစ်သံထွက်လာပါ​တေ့တယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now