Chapter(33)-ပွဲကတော့ကြည့်ကောင်းသွားပြီ

4.4K 577 10
                                    

Unicode

မဒမ်ကျန်းပြောတာကိုကြားတော့  လုလျန့်ဝေကို ကြည့်သခင်မကြီးကလည်းလိုက်သည်။

ဒါကိုမြင်တဲ့ လုလျန့်ဝေကလည်း တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည်
"ဒေါ်ဒေါ်ကျန်းစိုးရိမ်စရာ မလိုပါဘူး၊ ကျူးယွီ ငါကူးရေးထားတဲ့ ကျမ်းစာ စာရွက်တွေယူလာခဲ့"

ကျူးယွီက အရိုအသေပြုလိုက်ပြီး ထွက်သွားတယ်။

မဒမ်ကျန်းကတော့ တစ်မျိုးတွေးလိုက်တယ်၊ လုလျန့်ဝေက သူမအစား ကျူးယွီကို သွားကူးရေးခိုင်းတာလို့ပေါ့၊ ဒါကြောင့် ဆရာမကြီးလေသံနဲ့ပြောလိုက်သည်
"သမီးက ကူးရေးလို့မပြီးသေးဘူးဆိုလည်း အဆင်ပြေပါတယ်၊ ရက်က မကုန်သေးဘူးမလား၊ လောစရာမှမလိုတာ၊ သခင်မကြီးဆီက အပြစ်တင်မခံချင်ရုံလောက်နဲ့တော့ သမီးရဲ့အစေခံကို သမီးအစားမကူးရေးခိုင်းပါနဲ့ ဝေဝေရယ်၊ ဗုဒ္ဓ ကျမ်းစာတွေကူးတဲ့ အခါ ရိုးသားဖို့လိုတယ်လေ"

လုလျန့်ဝေကတော့ ဒေါသမထွက်ပါဘူး။ သူမက ဒေါ်ဒေါ်ကျန်းကိုကြည့်ကာ အပြုံးလေးနဲ့ပြောလိုက်သည်
"ဒေါ်ဒေါ်ပြောသလိုဆို ဒေါ်ဒေါ်ကျန်းက အတွေ့အကြုံရှိပုံပဲ၊ ဒေါ်ဒေါ်က အစေခံတွေအများကြီးကိုသုံးပြီး အလုပ်အားလုံးကိုပဲ ဒေါ်ဒေါ်ကျန်းလုပ်ထားသလိုလိမ်နေတာများလားနော်၊ အကယ်၍ ဒေါ်ဒေါ်ကျန်းက အဲ့သလိုလုပ်တတ်တဲ့သူဆိုရင်တောင် သူများကိုတော့ ဒေါ်ဒေါ်ကျန်းရဲ့ပေတံနဲ့ မတိုင်းတာပါနဲ့နော်"

မဒမ်ကျန်းက အသက်ရှူရတာတောင် လည်ပင်းထဲမှာကျပ်နေသလိုပဲ။
တကယ်တော့ ဒါက သူမဘာသာ လိပ်ပြာမလုံတာပါ၊ သူမ သေချာမသိပေမယ့် လုလျန့်ဝေရဲ့ ပြုံးနေတဲ့မျက်နှာကိုကြည့်လိုက်တော့ လုလျန့်ဝေက သူမရဲ့ လျှို့ဝှက်ချက်ကို သိနေသလိုခံစားရတယ်။
သူမရဲ့ လက်ကိုင်ပုဝါလေးကို လုံးချေမိလိုက်သည်။

လုလျန့်ဝေက မဒမ်ကျန်းဆက်မပြောနိုင်တော့တာမြင်တော့ စိတ်ထဲကနေ ဟွန့် ခနဲလုပ်လိုက်သည်။
သိပ်မကြာခင်မှာပဲ ကျူးယွီက လက်ထဲမှာ စာရွက်အထပ်လိုက်ကြီးကိုင်ပြီး ပြန်ရောက်လို့လာသည်။

"သခင်မကြီး ၊ ဒါတွေက မမလေးကူးပြီးတဲ့ စာရွက်တွေပါ၊ ဒီမနက်မှာ မမလေးက ဒါတွေကူးရေးဖို့အတွက် အာရုဏ်မတက်ခင်ကတည်းက အိပ်ရာက ထခဲ့တာပါ၊ ကြည့်ကြည့်ပါဦးရှင့် သခင်မကြီး"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now