Chapter(12)-လေထုက ရှုပ်ထွေးနေတယ်

5.6K 663 9
                                    

လုလျန့်ဝေက တည်ငြိမ်စွာနဲ့ပြောလိုက်တယ်
" ကျတော်မျိုးမက ဧကရာဇ်ရဲ့ အဆုတ်နဲ့ နှလုံးတို့ကိုပြန်လည် လည်ပတ်နိုင်အောင်လို့ ရင်ဘတ်ပေါ်ကနေ ဖိပေးရတာပါ၊ အရှင်က အသက်ရှူရပ်သွားတာပါ၊ ဒါကြောင့် သဘာဝမဟုတ်ဘဲ အသက်ရှူနိုင်ဖို့ကို ပြုလုပ်ပေးရတာပါ၊ ကျမဒီလိုလုပ်ရတာက အရှင့်ထဲကို သန့်စင်တဲ့လေ( အောက်စီဂျင်) ကို သွင်းပေးဖို့နဲ့ မသန့်စင်တဲ့လေ တွေကို ပြန်လည်ဖယ်ထုတ်ပစ်ဖို့ပါ"

Unicode

မိန်းကလေးပြောတဲ့ စကားတွေကိုကြားပြီးနောက်မှာတော့ အခန်းထဲမှာရှိတဲ့ လူတွေအားလုံးက အံအားသင့်သွားကြတယ်။ သူမပြောသွားတဲ့ စကားတွေကို သူတို့ နားမလည်နိုင်ဘူး ဖြစ်နေတယ်။

လုံယန်လည်း မင်သက်သွားမိတယ်။ သူ့ရဲ့ ခန်မှန်းရခက်တဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အသေအချာ တွေးတော နေပုံပေါ်တယ်။ နောက်ဆုံးမှာ​တော့ မထုံတက်တေးပုံနဲ့သာ ပြန်ပြောလာတယ် " မင်းက တော်တော်များများ သိတာပဲ"

" အများကြီးမသိပါဘူး၊ ကျမက အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရုံပါ"
လုလျန့်ဝေကတော့ နှိမ့်ချစွာပြန်ပြောလိုက်သည်။ အမှန်တကယ်မှာတော့ သူမရဲ့ နှလုံခုန်နှုန်းက မငြိမ်မသက်ဖြစ်နေတယ်။

သူမ လုံယန်ကို ဘယ်လို မရိုးသားမှု၊ မလေးစားမှုမှ မပါဘဲ သွယ်ဝိုက်တဲ့နည်းနဲ့ အသက်ရှူနိုင်ဖို့ ပြုလုပ်ပေးယုံပါ။ ဒါပေမယ့် သူကတော့ ဒီလိုထင်ချင်မှထင်မှာ။
တကယ်တမ်း ဒီခတ်မှာ အဲ့သလို ရှေးဦးပြုစုနည်းက နားလည်မပေးနိုင်တဲ့ ကိစ္စရပ်ဖြစ်နေတယ်လေ။
ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက် အတူတူစကားပြောနေရင်တောင်မှ အတင်းအဖျင်းနဲ့ သံသယတွေပေါက်ဖွားလာဖို့အတွက်လုံလောက်တဲ့ ကိစ္စရပ်ဖြစ်တယ်။ နှုတ်ခမ်းချင်းထိပြီးနမ်းနေရင်တော့... ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မှာပေါ့။

စကားအသွားအလာတွေကို တခဏလောက်နားထောင်ပြီးတာတောင် ၊ လုထင်ချန်တစ်ယောက် သူ့ညီမဖြစ်သူ ဧကရာဇ်ကို ဘာလုပ်လိုက်သလဲဆိုတာ ကို အခုထိအသေအချာနားမလည်နိုင်သေးဘူး။ ဒါပေမယ့်လည်း သူမ လုပ်ခဲ့တဲ့ ကိစ္စက ဧကရာဇ်ရဲ့ အသက်ကို ကယ်တင်ဖို့ဆိုတာကိုတော့ သူမှန်းဆနိုင်ပါတယ်။
လုလျန့်ဝေတစ်ယောက် သူမလုပ်ခဲ့တဲ့ အပြုအမူရဲ့ အတိမ်အနက်ကို နားမလည်မှာ ကို လုထင်ချန်စိုးရိမ်မိတာကြောင့် ဒူးတစ်ဖက်ကိုထောက်ကာ
" မြင့်မြတ်လှတဲ့ ဧကရာဇ်၊ ကျတော်မျိုးညီမရဲ့ ငယ်ရွယ်ပြီး ​မသိတတ်မှုအတွက် ကျတော်က တောင်းပန်ပါတယ်၊ သူမအနေနဲ့ မသင့်လျော်တဲ့ ကိစ္စတစ်ခုခုကို ပြုလုပ်ခဲ့မိရင်၊ သူမအတွက် အပြစ်ဒဏ်ကို သနားညှာတာပေးဖို့ ကျတော်က တောင်းဆိုပါတယ်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now