Chapter(25)-အတွင်းစိတ်ရဲ့ပြောင်းလဲမှု

4.9K 638 21
                                    

Unicode

မဒမ်ကျန်းက တူကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
လုလျန့်ဝေ၊ ဒီကောင်မ တမင်သက်သက် လုပ်တာပဲ။

သူမရဲ့ အမျက်ခြောင်းခြောင်းထွက်နေတဲ့ ပုံစံကိုကြည့်ကာ လုလျန့်ဝေက နှုတ်ခမ်းလေးကို တွန့်ကွေးပြုံးကာ
"အန်တီကျန်း က အဖွားအတွက် ထည့်ပေးမလို့လား၊ ဒါဆိုရင်တော့ ကြက်သားကို မထည့်ပေးတာပိုကောင်းမယ်နော်၊ ဒီဟင်းက ဆီများနေတော့ လူကြီးတွေအတွက်မကောင်းဘူးလေ၊ အန်တီ ငါးကို ထည့်ပေးချင်ထည့်ပေးပေါ့၊ အိုး၊ အရိုးလေးကို ထုတ်ပြီးမှ ထည့်ဖို့လည်း သတိရအုန်းနော်"
သူမစကားပြောနေချိန်မှာ ချိုသာပြီးပျော့ပျောင်းနေသလို စကားလုံးတိုင်းကလည်း စဥ်းစဥ်းစားစားရှိတယ်။
အန်တီကျန်းရဲ့ မျက်လုံးတို့က မီးဝင်းဝင်းတောက်သွားတယ်။

ဒီစကားတွေကြားတော့၊ ကြီးကြီးလန်က အပြုံးလေးနဲ့ပြောလိုက်သည်
"သခင်မလေးရဲ့ စဥ်းစားပေးမှုကို ကျေးဇူးတင်ပါတယ်၊ သခင်မက အသက်ကြီးလှပြီဆိုတော့ ဒီလို ဆီရွှဲတာတွေ မစားသင့်တာ အမှန်ပဲ"

လုလျန့်ဝေက အားပါးတရပြုံးကာပြောလိုက်သည်
"သမီးလည်း အရင်တုန်းက သိပ်မသိပါဘူး၊ အခုတော့ အမေထားခဲ့တဲ့ ဆေးစာအုပ်တွေလေ့လာနေတယ်လေ၊ အဲ့ဒါတွေဖတ်ပြီး သိလာတာပါ"

ဒါကိုကြားတော့ သခင်မကြီးက အံအားသင့်စွာကြည့်ပြီးမေးလိုက်သည်
"သမီး ဆေးစာအုပ်တွေ ဖတ်နေတာလား"
လုလျန့်ဝေက ခေါင်းညိမ့်ကာပြန်ပြောသည်
"ဟုတ်ပါတယ် အဖွား"
ဒီစကားတွေမှာ သခင်မကြီးက စိတ်သက်သာရာရသွားပြီး မေးလိုက်သည်
"သမီးက ဘယ်လိုဖြစ်လို့ ဆေးစာအုပ်တွေဖတ်ဖို့ စဥ်းစားမိတာလဲ"

လုလျန့်ဝေက လေးလေးနက်နက်ပုံနဲ့ ဖြေဆိုလိုက်သည်
"သမီးက အချိန်တွေဖြုန်းပြီး ရူးရူးမိုက်မိုက်တွေလုပ်ခဲ့မိတယ်၊ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စက သမီးကို အသိရစေခဲ့တာပဲ၊ သမီး အသက်ရှင်နေတုန်း ဘဝကြီးကို ရည်ရွယ်ချက်မရှိ မဖြတ်သန်းချင်ဘူး၊ ဒီတော့ သမီး အရည်အချင်းတွေကိုမြှင့်တင်တာက နည်းလမ်းကောင်းပဲပေါ့၊ စာအုပ်တွေဖတ်တာက ဘယ်လိုပဲဖြစ်ဖြစ်အကျိုးရှိပါတယ်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now