Chapter(35)-တစ်ခါလောက်လူရယ်စရာဖြစ်သွားရင်တောင်အဆင်ပြေပါတယ်

4K 557 1
                                    

Unicode

လုယွင်ရွှမ်းရဲ့အတွေးကလည်း မဒမ်ကျန်းနဲ့အတူတူပါပဲ။
သူတို့နှစ်ယောက်က ငယ်စဥ်ကတည်းက အတူတူကြီးပြင်းလာခဲ့တယ်။ ဆိုတော့ သူမက လုလျန့်ဝေအကြောင်းကို တခြားသူတွေထက်တောင် နားလည်တယ်လို့ ပြောလို့ရတယ်။
လုလျန်ဝေကို မြို့စားအိမ်တော်ရဲ့ တရားဝင်ဇနီးကမွေးတဲ့ သမီးအဖြစ်သိကြပေမယ့် တကယ်တော့ အသိမရှိ အရည်အချင်းမရှိတဲ့ အရူးသာသာပါပဲ။

လုလျန့်ဝေ ဒီစာတွေရေးခဲ့တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
"ဒီလက်ရေးလက်သားက တကယ်အံ့သြစရာပါပဲ၊ ညီမလေး အဲ့လောက်နှိမ့်ချနေစရာမလိုပါဘူး၊ ငါတို့ညီအစ်မနှစ်ယောက်လုံး စာအတူတူမရေးတာလည်း ကြာလှပြီ၊ အစ်မတို့ ဒီနေ့ ကျမ်းစာတစ်ရွက်လောက်အတူတူ ကူးရေးပြီး အဖွားကို အကဲဖြတ်ကြည့်ခိုင်းကြမလား၊ ဘယ်လိုသဘောရလဲ"

လုလျန်ဝေက လုယွင်ရွှမ်းကို ကြည့်ဖို့ မျက်လုံးကိုပင့်လိုက်သည်။
လုယွင်ရွှမ်းက အတော်လှတယ်ဆိုတာ ငြင်းရက်စရာကိုမရှိဘူး၊ လှချက်ကလည်း အလွန်အကျွံပဲ၊ သူမရဲ့ ရိုးရှင်းတဲ့ ဝတ်စုံရယ် ပေါ့ပေါ့ပါးပါးဖီးလိမ်းခြယ်သထားပုံကတောင် သူမကို တင့်တယ်ပြီး နှစ်လိုဖွယ်ဖြစ်သွားစေတယ်။
မြင့်တက်နေတဲ့ မျက်လုံးစွန်းတို့က သူမသည် ယီးတားယားတားလာလုပ်လို့မရဘူးဆိုတဲ့အကြောင်းကို ဖော်ပြလို့နေသည်။
တခြားသူတွေကိုကြည့်လိုက်တိုင်းမှာ သူမနဲ့ ဘယ်သူမှအဖက်မတန်ကြောင်း ထုတ်လွှင့်လို့နေသည်။

လုလျန့်ဝေက တိတ်တဆိတ် သရော်ပစ်လိုက်သည်။
"ညီမက အဲ့သလောက် ကောင်းကောင်းမရေးနိုင်ပါဘူး၊ ကိုယ့်ကိုယ်ကို အရှက်ခွဲမိမှာစိုးရပါတယ်၊ ဒါပေမယ့် အစ်မက ရှားရှားပါးပါးပြန်လာခိုက်လေးမို့ အစ်မကိုလည်း စိတ်ပျက်အောင် မလုပ်ချင်မိဘူး၊ ဒီတော့ အစ်မကပဲ လမ်းပြသွန်သင်ပေးပါ" လုလျန့်ဝေက ပြန်ပြောလိုက်သည်။

လုယွင်ရွှမ်းက ခပ်ဖွဖွပြုံးကာပြောလိုက်သည်
"ညီမလေး၊ ညီမလေးရဲ့စကားတွေက အစ်မကို နေရခက်နေစေပြီ၊ ဒါက ပြိုင်ပွဲမဟုတ်ပါဘူးကွယ်၊ ညီမလေးနဲ့ စာအတူတူ မရေးရတာကြာတော့ အဲ့ဒီခံစားချက်ကို လွမ်းမိရုံပါ၊ စိတ်အေးလက်အေးသာထားပါ"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now