Chapter(28)-ငါနင်နဲ့နပန်းလုံးပစ်လိုက်ချင်ပါသေးတယ်

5.1K 616 8
                                    

Unicode

အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံကြင်ယာတော်က မကြာခင်ရောက်လာတော့မယ်။ ဒီတော့ သခင်မကြီးကလည်း စံအိမ်အဝင်ဝကိုသွားပြီးကြိုဆိုရုံကလွဲပီး ရွေးစရာမရှိတော့ဘူးပေါ့။

လုလျန့်ဝေက ဆည်းဆာရောင်ခြံဝန်းကနေခပ်ဖြည်းဖြည်းလမ်းလျှောက်လာရင်း သခင်မကြီးနဲ့ ဆုံမိကြသည်။

လုလျန့်ဝေရဲ့မျက်လုံးထဲမှာ အေးစက်စက်အကြည့်တစ်ချက်ပေါ်လို့လာသည်။

လုယွင်ရွမ်းက ဟန်နဲ့ပန်နဲ့ပါလား-သခင်မကြီးကိုယ်တိုင် သူ့ကို လူချင်းတွေ့ပြီး လာကြိုရလောက်အောင် လိုအပ်နေတဲ့ သတ္တိရှိနေတယ်ပေါ့။
လုလျန့်ဝေက တိတ်တဆိတ်ဆဲရေးလိုက်တယ်၊ ဒါပေမယ့်လည်း ပေါ့ပေါ့ဆဆပုံစံတော့ ဘယ်ပြရဲပါ့မလဲ။ သူမက ခပ်မြန်မြန်လေးလျှောက်လိုက်သည်။

"အဖွား၊ သမီး ကူပါရစေ"

သခင်မကြီးက သူမကို မြင်လိုက်တော့ ကြင်နာတဲ့အပြုံးလေးတစ်ခုပေါ်လို့လာသည်။ ခေါင့်ညိမ့်ကာ
"ကောင်းတာပေါ့"

သခင်မကြီးရဲ့ တခြားတစ်ဖက်ကိုတော့ ကြီးကြီးလန်က ကူတွဲပေးထားသည်။ သူမက လုလျန့်ဝေကိုမြင်တော့ အပြုံးလေးနဲ့ခေါင်းညိမ့်ကာ နှုတ်ဆက်သည်
"ဒုတိယသခင်မလေး လု"

ကြီးကြီးလန်က သခင်မကြီးနဲ့ အသက်အတူတူ နီးပါးလောက်ပါ၊ ဒါပေမယ့် ကြီးကြီးလန်က ပိုပြီး အသက်ကြီးသယောင်ထင်ရပါတယ်။ ကြီးကြီးလန်လို အသက်ကြီးသူတစ်ယောက်က သခင်မကြီးကို တွဲကိုင်ထားရတာကို သူမ မကြည့်ရက်ပါဘူး။

ဒါကြောင့် သူမကပြောလိုက်ပါသည်
"ကြီးကြီးလန်၊ သမီးပဲ အဖွားကို ကူလိုက်ပါ့မယ်"

ကြီးကြီးလန်က သူမကို ကြည့်ကာ သိမ်မွေ့စွာပြန်ပြောလာသည်
"ဒုတိယသခင်မလေး၊ ကျမရဲ့ အိုနေပြီးဖြစ်တဲ့ အရိုးတွေကို အထင်မသေးလိုက်ပါနဲ့၊ ကျမ တကယ်ကြီးကို သန်မာပါသေးတယ်"

လုလျန့်ဝေက တစ်ခုခုပြန်ပြောတော့မလို့ပါပဲ၊ ဒါပေမယ့် သခင်မကြီးက ကြီးကြီးလန်ကို အကြည့်တစ်ချက်ပေးကာ ကြိမ်းမောင်းသလိုနဲ့ ကျီစယ်လိုက်ပါတယ်
"နင့်ကိုယ့်နင် အသက်ကြီးမှန်းလဲသိနေပြီ၊ ဒါတောင် ဒီအဖွားကြီးကို ကူအုန်းမလို့ပေါ့၊ နင်လဲကျရင်တော့ ငါတို့အဖွားကြီးနှစ်ယောက်စလုံးရဲ့ အရိုးတွေ ဒုက္ခရောက်ကုန်မှာနော်"
ကြီးကြီးလန်က ညည်းညူလိုက်သည်
"ကျမက သခင်မထက် အသက်ပိုကြီးနေပုံပေါ်တယ်၊ ဒါပေမယ့် ကျမက သခင်မထက် အားရှိပြီး စွမ်းအင်တွေရှိပါသေးတယ်ရှင်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now