Chapter(40)-ဖုံးကွယ်ထားလို့မရနိုင်တဲ့အလှတရား

4.3K 552 7
                                    

Unicode

လုလျန့်ဝေက သခင်မကြီးပြောသမျှကို တစ်လုံးချင်းချရေးလေတယ်။
မြို့စားကတော်ဟောင်းကြီးအနေနဲ့ ဒီမြေးမလေး အရင်ထက်ပိုပြီး အပြုအမူတွေကောင်းလာတာ နာခံလာတတ်ကြောင်းသတိပြုမိလိုက်တာကြောင့် စိတ်သက်သာရာရလေ၏။

"အဖွား ကောသွားမှာလား"
သခင်မကြီးက နန်းတော်ကို သွားရတာမကြိုက်မှန်း လုလျန့်ဝေသိပေမယ့် ဒီမေးခွန်းကို မေးလိုက်မိတုန်းပဲ။

မျှော်လင့်ထားသလိုပဲ သခင်မကြီးက လက်ခါပြကာ
"အဖွား မသွားဘူး၊ ငါ့ရဲ့ အရိုးတွေလည်း အားနည်းလှပြီ၊ ဧကရာဇ်မင်းမြတ် ရှေ့ရောက်ရင် ဒူးထောက် ဝပ်စင်းဂါရဝပြုဖို့လိုသလို တော်ဝင်ကိုယ်လုပ်တော်တွေကိုလည်း အရိုအသေပြုဖို့လိုသေးတယ်၊ ငါ့အရိုးတွေက အဲ့သလိုလုပ်နိုင်စွမ်းတွေသိပ်မရှိတော့ဘူး၊ နောက်ပြီး နန်းတော်မှာက မရေမတွက်နိုင်လောက်အောင်များတဲ့ စည်းမျဥ်းတွေရှိနေတယ်၊ အိမ်မှာ နေခဲ့တာ အဖွားအတွက် ပိုပြီးသက်တောင့်သက်သာရှိပါတယ်"
(ဒီနေရာမှာ ဘုရင်ကိုဂါရဝပြုတာနဲ့ တော်ဝင်ကိုယ်လုပ်တော်တွေကို ဂါရဝပြုရတာနဲ့ မတူပါဘူး၊ ဘုရင်ရှေ့မှာဆို ဒူးထောက်ပြီး ကြမ်းပြင်ပေါ်မှောက်ဝပ်ပြီးဂါရဝပြုတာမျိုး ကိုဆိုလိုချင်တာပါ၊ နန်းတွင်းကားတွေမှာဆို ပါပါတယ်၊ ဘုရင့်ရဲ့ ကိုယ်လုက်တော်တွေကိုကျတော့ ခြေတစ်ဖက်ကို ဒူးလေးညွှတ်ပြီး ခါးလေးနည်းနည်းကိုင်း ပြီး အရိုအသေပြုတာမျိုးကို ပြောချင်တာပါ)

အရိုးသားဆုံးပြောရရင် သူမအနေနဲ့ ဝေဝေ့ကိုလည်း မသွားစေချင်ပါဘူး၊ အရှင်မင်းမြတ်မှာ ကိုယ်လုပ်တော် များများစားစားမရှိပေမယ့်၊ နန်းတော်ဆိုတာ သိတဲ့အတိုင်း အငြင်းပွားဖွယ်ရာ ကောလဟာလ ထွက်ဖို့လွယ်တဲ့နေရာ၊ တစ်စိတ်ကို တစ်အိတ်လုပ်ချင်ကြသူတွေများတဲ့နေရာပါ၊ ဘာပဲဖြစ်ဖြစ်လေ ဝေဝေက မိန်းမပျိုလေးပါ၊ သူမအနေနဲ့လည်း ဘယ်မှာမသွားဘဲ အိမ်ထဲမှာပဲတစ်နေကုန်နေနေတာမျိုးကလည်း မသင့်ပြန်ပါဘူး၊ အနာဂတ်တစ်ချိန် သူမ လက်ထပ်တဲ့အခါကျရင် လူတွေအများကြီးနဲ့ တွေ့ဆုံရမှာပါ၊
သူမသာ အိမ်ထဲမှာပဲ တစ်ချိန်လုံးနေနေရင် လူကြောက်ပြီး သတ္တိနည်း သွားပါလိမ့်မယ်လေ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now