Chapter(51)-သူမအတွက် ဆင်ထားတဲ့ အကွက်

5.6K 558 25
                                    

Unicode

လုလျန့်ဝေက လုယွင်ရွှမ်းရဲ့ စေ့စပ်သေချာမှုကို သိလိုက်ရပြီး သူမ နှလုံးသားထဲမှာ လှုံဆော်ခံလိုက်ရသည်။

စာအုပ်ထဲမှာတော့ ဧကရာဇ်ရဲ့မွေးနေ့ပွဲမှာ ပညာရှင်မိုချန်ရဲ့ လက်ရေးမူပါ ခေါက်ယပ်တောင်ကို လက်ဆောင်အဖြစ်ဆက်သဖို့ လုယွင်ရွှမ်းက အကြံရခဲ့ပြီး အိမ်ရှေ့စံကို ကူညီခဲ့ကြောင်း ရေးသားထားပေမယ့်လည်း သူမ အဲ့ဒီယပ်တောင်ကို ဘယ်လိုရလာသလဲဆိုတာတော့ မပါခဲ့ချေ။

စာအုပ်ထဲမှာတော့ ပညာရှင်မိုချန်ဘယ်လောက်မြင့်မြတ်ကြောင်းနဲ့ တိုင်းပြည်အနှံ့အပြားက သူတို့ဘက်ကို ဆွဲဆောင်ဖို့ ဘယ်လောက်အားထုတ်ကြောင်းသာ ရေးသားထားခဲ့တယ်။

သို့သော်လည်း သဘာဝကျကျတွေးကြည့်ရအောင်၊ မိုချန်သာ တကယ် အံ့သြဖွယ်ကောင်းပြီး နိုင်ငံတိုင်းကသူ့ကို ရရှိဖို့ ကြိုးစားနေပေမယ့် မရနိုင်တာကို လုယွင်ရွှမ်းက မိုချန်ကိုယ်တိုင်ရေးထားတဲ့ လက်ရေးနဲ့ ခေါက်ယပ်တောင်ကို ဘယ်လိုရလာနိုင်မှာလဲ။
အသေးစိတ်အချက်အလက်တွေကို စဥ်းစားပြီးနောက်မှာတော့ ဒီကိစ္စက တကယ်ကို ထူးဆန်းလို့နေတယ်။
လုယွင်ရွှမ်းက ဒါကိုရဖို့ လှည့်ကွက်တချို့တလေများ သုံးထားသလား
လုလျန့်ဝေစိတ်ထဲမှာ သံသယတို့ပေါက်ဖွားလာရသည်။

လုယွင်ရွှမ်းလျှို့ဝှက်စွာ စတင်တည်ထောင်ထားတဲ့ လုပ်ကြံသူအဖွဲ့အကြောင်းကို တွေးမိတော့ သူမ မျက်လုံးတို့ ကျဥ်းမြောင်းသွားရသည်။

အဓိက အမျိုးသမီးဇာတ်ဆောင်အနေနဲ့ လုယွင်ရွှမ်းက အနုပညာလေးမျိုး ဖြစ်တဲ့ ဂီတ၊ ပန်းချီ၊ စစ်တုရင်နဲ့ စာပေမှာပါတော်ရုံမကဘဲ ကိုယ်ခံပညာမှာလည်း ပါရမီပါသည်။
သူမက ကလောင်ကော ဓားပါ နှစ်ခုစလုံး ကျွမ်းကျင်တဲ့ အမျိုးသမီးဖြစ်သည်။

ဒါက ဘာကြောင့် သူမက ကိုယ်လုပ်တော်ဖွားအရပ်သူဖြစ်ပေမယ့် မြို့စားကတော်ဟောင်းကြီးရဲ့ သူမအပေါ် အမြင်ကို ပြောင်းလဲစေခြင်းဖြစ်သည်။
မြို့စားကတော်ဟောင်းကြီးရဲ့ ထောက်ပံ့မှုကို ရရုံမကဘူး၊ လုယွင်ရွှမ်းက လုပ်ကြံသူအဖွဲ့ကိုလည်း လက်သပ်မွေးထားသည်။ အဲ့ဒီလုပ်ကြံသူအဖွဲက လုံချီကို ကူညီဖို့ အဓိကဖြစ်ပြီး လုံချီကို ဆန့်ချင်တဲ့ အင်အားကြီးပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့ဖြစ်သည်။
အိမ်ရှေ့စံကို မထောက်ခံတဲ့ သူတွေကို တိတ်တဆိတ်သတ်ဖြတ်ဖို့ လုပ်ကြံသူတွေကို စေလွှတ်သည်။
ဒါကြောင့် ဒီနန်းမြို့တော်မှာ လုံချီကို ဆန့်ကျင်တဲ့သူမရှိရတဲ့အကြောင်းအရင်းဖြစ်သည်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now