Chapter(20)-အမြဲတစေ ခပ်တန်းတန်းဖြစ်နေတဲ့ ဆက်ဆံရေး

5K 630 14
                                    

Unicode

ဒီစကားတွေကြားချိန်မှာ​တော့ မဒမ်ကျန်းက ရှက်ရှက်နဲ့ပဲ သူမရဲ့ လက်ကို ဆွဲထုတ်လိုက်ပါသည်။
"ဟုတ်တာပေါ့၊ အမေက ကျန်းမာသန်စွမ်းနေဆဲကို၊ ဒီချွေးမက အစိုးရိမ်လွန်သွားမိတာပါ"

ပြောရင်းနဲ့လည်း နောက်ကို ခြေတစ်လှမ်းဆုတ်ခွာလိုက်ပါသည်။
လုလျန့်ဝေက တော့ မဒမ်ကျန်းကို စိုက်ကြည့်လို့နေပါတယ်။

လုယွင်ရွှမ်းက မြို့စားကတော်ဟောင်းကြီး မျက်လုံးထဲမှာ အချစ်တော်လေးဖြစ်နေပေမယ့် မဒမ်ကျန်းကိုတော့ အသိအမှတ်ပြုပုံမပေါ်ပေ။
လုလျန့်ဝေလိုပေါ့။ သူမကော မဒမ်ကျန်းကောက သခင်မကြီးရဲ့ အထင်အမြင်သေးခံရသူတွေ။

မဒမ်ကျန်းကို ဘာကြောင့်မနှစ်သက်ရသလဲဆိုတဲ့အကြောင်းပြချက်ကိုတော့ သူမလည်း မသိဘူး။
သခင်မကြီးကို လာကြိုကြတဲ့ လူစုလူဝေးဟာ လည်း သခင်မကြီးနေထိုင်ရာ သက်တော်ရှည်ခန်းမဆီသို့ လိုက်ပါပို့ဆောင်ပြီး မိမိတို့နေထိုင်ရာ ခြံဝန်းအသီးသီးဆီ ပြန်သွားကြတော့တယ်။

လုလျန့်ဝေနဲ့ လုထင်ချန်ရဲ့ ခြံဝန်းတွေက နီးတာကြောင့် မောင်နှမနှစ်ယောက်က အတူတူ ပြန်ကြသည်။

"အဖွားရဲ့ စိတ်က အဲ့လိုပဲ၊ စိတ်ထဲသိပ်မထားနဲ့ ညီမလေး"

လုထင်ချန်က ဝေဝေ အဖွားဖြစ်သူရဲ့ စိတ်နေသဘောထားကို တလွဲထင်မှာစိုးရိမ်နေမိတာကြောင့် သူမကို နှစ်သိမ့်ပေးမိတယ်။

လုလျန့်ဝေက ခေါင်းညိမ့်ပြလိုက်သည်။ "ညီမလေး သိပါပြီ"
သူမရဲ့ တည်ငြိမ်နေတဲ့ အမူအရာကိုကြည့်လိုက်ပြီး လုထင်ချန်က သက်ပြင်းချကာ ခေါင်းလေးကို ပုတ်ကာ ပြောပြသည်
"တကယ်တော့ ညီမလေးငယ်ငယ်တုန်းက အဖွားက ညီမလေးကိုဆို တုန်နေအောင်ချစ်တာ"
လုလျန့်ဝေလည်း ဒါကို ကောင်းကောင်းကြီး သိသည်ပင်။
နောက်ဆုံးမှာ​တေ့ာ သူမကသာ တရားဝင် မြေးမပါ။ ဒါကြောင့် မြို့စားကတော်ဟောင်းကြီးက သူမကို ချစ်မယ်ဆိုတာ သဘာဝပါပဲ။

သို့သော်ငြား အဆိုးဆုံးကတော့ လုလျန့်ဝေ ငယ်ငယ်လေးကတည်းက လုဟန်ထျန်းက အလိုလိုက်အကြိုက်ဆောင်ခဲ့တာပဲ။ ဒီလိုနဲ့ မီးလောင်ရာလေပင့်တတ်တဲ့ လုယွင်ရွှမ်းနဲ့တွေ့တဲ့အခါမှာတော့ လုလျန့်ဝေက ရူးမိုက်စရာ အဖြစ်အပျက်မျိုးစုံတို့ကို လုပ်လာခဲ့တယ်။ ဆက်လက်ပြီးတော့ လုလျန့်ဝေဆိုတဲ့ သူမက ဆိုဆုံးမမှုကို မသိယောက်ဆောင်ကာ ကိုယ့်ကိုယ့်ကို ပြုပြင်ဖို့ရာ ငြင်းဆန်ခဲ့တယ်လေ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now