Chapter(11)-မွန်းကျပ်ဖွယ်ကောင်းတဲ့ တည်ရှိမှု

5.6K 654 1
                                    

Unicode

၂၁ ရာစုမှာဆိုရင်တော့ သူက အမျိုးသမီးတွေကို သူ့အား တွေ့တာနဲ့ တစီစီအော်ဟစ်စေပြီး ဒူးတွေချောင်သွားလောက်အောင် လုပ်နိုင်မယ့် ယောကျာ်းမျိုးပေါ့။
အဲ့သလိုအမျိုးသားတွေ၊ တစ်နည်းအားဖြင့် လုံယန်လို ယောကျာ်းမျိုးတွေဆီက တော်ဝင်ဆန်ပြီး ရင့်ကျက်တဲ့အငွေ့အသက်တွေ ယိုဖိတ်နေတတ်တယ်လေ။ ပြီးတော့ အဲ့သလို အမျိုးသားတွေက လုလျန့်ဝေကို အကြိုက်တွေ့
စေတယ်လေ။🌚🌚
သို့ပင်ငြားလည်း သူ့က ဘယ်လိုလူဆိုတာနဲ့ သူ့ရဲ့ ရက်စက်တတ်တဲ့စိတ်သဘောကိုစဥ်းစားလိုက်တော့
ဒီယောကျာ်းပေါ်မှာ ရှိနေတဲ့ လုလျန့်ဝေရဲ့ နှစ်သက်သဘောကျမှုတွေတောင် ပျောက်ဆုံးသွားရတယ်။

လုံယန်ကတော့ လုထင်ချန်ရဲ့ အသနားခံမှုကို လျစ်လျူရှုထားတယ်။ လုလျန့်ဝေကိုသာ မထုံတတ်တေး အကြည့်နဲ့ ကြည့်ကာ မေးလိုက်တယ်
" ဒုတိယသခင်မလေးလု ကကော ဘာများပြောစရာရှိလဲ"
လုံယန်အနားမှာရပ်နေတဲ့ ကျောက်ချမ်ကတော့ သူ့ရဲ့ နဖူးကနေ ချွေးတွေထွက်လာအောင်ကို ကျောချမ်းနေရတယ်၊ သူ့မှာ ချွေးတွေသုတ်ပစ်ဖို့တောင် လက်မမြှောက်ရဲရှာလေဘူး။
ခုနတုန်းက သခင်ကြီးက အသက်ရှူရုတ်တရက်ရပ်သွားတယ်။ ကျောက်ချမ်က ဒတိယသခင်မလေးလု ရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ တွန့်ဆုတ်နေခဲ့မိတယ်။ ပြီးတော့ သခင်ကြီးကို ကြမ်းပေါ်လှဲဖို့ ကူညီပေးခဲ့တယ်။ ဒါပေမယ့် သူ မထင်ထားဘူးလေ၊ ဒုတိယသခင်မလေးလုက သခင်ကြီးရဲ့ ရင်ဘတ်ကို ဖိပြီး.. ဖိပြီးတော့.. နှုတ်ခမ်းချင်း ဂဟေဆက်သွားလိမ့်မယ်လို့လေ။
သခင်ကြီးကို နမ်းလိုက်သလားလို့နော်။ ဟုတ်လား။

ကျောက်ချမ်ကတော့ သူ့ရဲ့ အသည်းကော ကျောက်ကပ်ကော ပွင့်ထွက်သွားသလိုပဲ။
သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး ဇီဇာကြောင်တဲ့ သခင်ကြီးက ကိုယ်လုပ်တော်တွေကိုတောင် သူ့ဆီ ခြေလှမ်းတစ်ဝက်ထပ်နီးအောင်လာဖို့ ခွင့်မပြုဘူး။ တစ်စုံတစ်ယောက်ကို နမ်းဖို့ ခွင့်ပြုဖို့ဆိုတာက....
အတိတ်မှာတုန်းက အင်ပါယာနန်းတော်မှာ နှစ်ပေါင်းများစွာ ခစားခဲ့တဲ့ အစေခံရှိခဲ့တယ်။ သူမက လက်ဖက်ရည်ခစားနေချိန်မှာ သခင်ကြီးရဲ့လက်ကို မတော်တဆထိခဲ့မိတယ်။ သူမက အပြင်ကို ဆွဲထုတ်ခံရပြီး ကွပ်မျက်ခံခဲ့ရတယ်လေ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now