Chapter(34)-လုံးဝခွင့်မပြုနိုင်ပါဘူး

4.6K 596 5
                                    

Unicode

ဆိုလိုတာကတော့ မဒမ်ကျန်းသာ စကားမစခဲ့ရင် သူမလည်း မလှမပဖြစ်နေတဲ့လက်ရေးကို သခင်မကြီးကို ပြလိမ့်မှာမဟုတ်ဘူးပေါ့။

သခင်မကြီးက လက်ရေးမူတွေကိုကြည့်ပြီးသွားပြီ။ ပထမပိုင်းစာမျက်နှာတချို့က နောက်ပိုင်းစာမျက်နှာတွေလောက် လက်ရေးမလှတာ အမှန်ပဲ။ ဒါပေမယ့်လည်း စနစ်တကျလေးတော့ရှိနေပါသေးတယ်။

သူမရဲ့ အမူအရာက ပျော့ပျောင်းလို့သွားသည်
"သမီးအားစိုက်ထုတ်ထားတာကို တွေ့ရတာနဲ့တင် အဖွား ကျေနပ်နေပါပြီ၊ အရေးလေ့ကျင့်တဲ့အခါဖြေးဖြေးကျင့်၊ လေ့ကျင့်ပါများလေ လက်ရေးလှလေပဲ" သခင်မကြီးက အကြံပြုလို့လာသည်။
လုလျန့်ဝေကို စာကူးရေးစေပြီးအပြစ်ပေးရတဲ့အကြောင်းရင်းကလည်း သူမရဲ့စိတ်မြန်လက်မြန်လုပ်တတ်တဲ့စရိုက်နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ပါ။
သို့သော်ငြားလည်း ပထမဆုံးနေ့မှာတင် ဒီလောက်ထိတာသွားမယ်လို့ ထင်မထားပါဘူး။

အဆိုတောင်ရှိသေးတယ်မဟုတ်လား၊ 'လူတစ်ယောက်ရဲ့စရိုက်က သူ့ရဲ့လက်ရေးလက်သားမှာ ရောင်ပြန်ဟပ်တယ်' ဆိုတာ။
စာကြောင်းလေးတွေရယ်၊ စာလုံးခြားထားပုံလေးတွေကိုကြည့်ရုံနဲ့တင် ဝေဝေ့ရဲ့စိတ်က အရင်လိုမဟုတ်တော့ဘူးဆိုတာ သိသာပါတယ်။ သူမပိုပြီး တည်တည်ကြည်ကြည်ရှိလာပုံပဲ။
အရင်ကသာ သူမက ပြသနာတွေရှာခဲ့ဖူးတဲ့ သက်သေမရှိရင်၊ သခင်မကြီးကတော့ ဒီမြေးမက အမြဲတမ်း တကယ့်ကို သိုသိပ်ပြီး ဣန္ဒြေသိက္ခာကြီးမားလွန်းသူလို့ ထင်မိတော့မှာပဲ။

"ဝေဝေ သိပါပြီ အဖွား" လုလျန့်ဝေက ရိုရိုသေသေခေါင်းညိမ့်လိုက်သည်။
ဒါကိုမြင်ရတဲ့ သခင်မကြီးကတော့ အလွန်ကြည်နူးလို့နေသည်။
သူမက ဒီမြေးမကို အကဲဖြတ်မှားခဲ့တယ်။ တကယ်တော့ သူမရဲ့မြေးမလေးက စည်းစနစ်နဲ့လေ့ကျင့်ပေးဖို့ သိပ်ခက်လှပုံမပေါ်ဘူး။
သူမကိုသာ ကောင်းကောင်းသင်ပြပေးနိုင်ရင် တကယ့်ကိုကျောက်ကောင်းလေးတစ်ပွင့်ဖြစ်လာမှာပဲ။

ဒီဇာတ်ကိုမြင်နေရတဲ့ မဒမ်ကျန်းရဲ့နှလုံးသားကတော့ နစ်မြုပ်သွားသလိုပဲ။ သူမက ဒီအဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး သခင်မကြီးအနေနဲ့ လုလျန့်ဝေကို ထပ်မုန်းသွားစေဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် သခင်မကြီးကို ပိုပြီး ကြည်နူးသွားစေလိမ့်မယ်လို့ ထင်မထားခဲ့လေဘူး။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now