Chapter(46)-နတ်ဖက်တဲ့စုံတွဲ

4.1K 542 16
                                    

Unicode

လုလျန့်ဝေက ထိန်းထိန်းသိမ်းသိမ်းရှိနေပြီး သူမရဲ့ နဂိုပုံစံ စိတ်မြန်လက်မြန်ပုံစံကနေ ကွဲပြားလို့နေသည်။

လင်ချမ်းယွမ်က သရော်မပြောခင်လုလျန့်ဝေကို မသက်ာသလို ကြည့်လိုက်သည်။
"လုလျန့်ဝေ၊ နင်မသိချင်ယောင်ဆောင်ပြီး ထွက်သွားလို့ရမယ်မထင်နဲ့"
ပြောပြီးသည်နဲ့ လုလျန့်ဝေ နားနားကပ်ကာ ခြိမ်းခြောက်လိုက်သည်
"နင် အိမ်ရှေ့စံမင်းသားအပေါ်မှာ မသင့်လျော်တဲ့ ရည်ရွယ်ချက်တွေ ထားရဲနေဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကို သတိထား မဟုတ်ရင် အကြောင်းပြချက်မရှိဘဲ သေရလိမ့်မယ်"

လုလျန့်ဝေက ပေကလက် ပေကလက်လုပ်ပြီး ပြောလိုက်သည်
"သခင်မလေးလင်၊ နင်က ဘယ်လိုလုပ်ပြီး လုယွင်ရွှမ်းရဲ့ နောက်လိုက်ဖြစ်သွားတာတုန်း၊ သူက နင့်ကို အကျိုးအမြတ်တွေရမယ်လို့များ ကတိပေးထားလို့လား"

လင်ချမ်းယွမ်က ဒေါသထွက်ကာဆတ်ခနဲပြန်ပြောလိုက်သည်
"လုယွင်ရွှမ်းက ငါ့ရဲ့ သူငယ်ချင်းကောင်း၊ သူ့ညီမဖြစ်တဲ့-နင်က သူ့ယောကျာ်းကို ခိုးဖို့ ကြိုးစားနေတာကို ငါက မကြည့်ရက်ရုံပဲ၊ နင့်လို အရှက်မရှိအကျင့်ပျက်ပြားနေတဲ့ မိန်းမက အသေဆိုးနဲ့ သေသွားသင့်တာ"
သူမရဲ့ ရက်စက်တဲ့ စကားတွေကို နားထောင်အပြီး လုလျန့်ဝေရဲ့ မျက်လုံးတို့က အေးစက်သွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်

လင်ချမ်းယွမ်က သူမဒီလို ရုတ်တရက်ရပ်လိုက်မယ်လို့ မထင်ထားဘူး၊ သူမသတိဝင်ချိန်မှာ သူမရဲ့ မေးစေ့ကို အားပြင်းပြင်းနဲ့ ရိုက်ခံလိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲလို့သွားသည်။
သူမက နာကျင်မှုကြောင့် ပင့်သက်ရှိုက်ကာပြောသည်
"လုလျန့်ဝေ၊ နင်!"

လုလျန့်ဝေက ဖြူစင်တဲ့ပုံလေးနဲ့ ပြန်ကြည့်လာသည်
"သခင်မလေးလင်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက်အဲ့လောက်ရင်းမနှီးဘူးလေ၊ ဒါကြောင့် နောက်ဆို ကျမအနား သိပ်ကပ်မလာပါနဲ့"

လင်ချမ်းယွမ်,"..."

လုလျန့်ဝေက သူမကိုပြန်ပြောဖို့တောင် အခွင့်အရေးမပေးဘဲဆက်ပြောလာသည်
"နောက်ပြီး၊ ယောကျာ်းတွေကို ခိုးတတ်တာက လုယွင်ရွှမ်းရဲ့ အားသာချက်မဟုတ်ဘူးလား၊ သူရဲ့ သူငယ်ချင်းအရင်းကြီးအနေနဲ့ နင်က ဒါတောင်မသိဘူးလား၊ ဘယ်သူက အိမ်ရှေ့စံနဲ့ အရင်တွေ့ခဲ့ပြီး ဘယ်သူက နောက်မှ နှောင့်ယှက်ခဲ့တာလဲဆိုတာ"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now