Chapter(50)-တကယ့်ရတနာလေး

4.6K 579 24
                                    

Unicode

မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ လုံချီက ရှင်းလင်းပြီး ကျယ်လောင်တဲ့အသံနဲ့ပြောလာတယ်
"ဒီနေ့ကက တော်ဝင်ဦးရီးတော်ရဲ့ မွေးနေ့ရက်မြတ်အတွက် ကိန်းကြီးခန်းကြီးနဲ့ လက်ဆောင်ကိုတော့ မပြင်ဆင်ခဲ့ပါဘူး၊ ဒီ ခေါက်ယပ်တောင်ပေါ်မှာ ထွင်းထားတဲ့စာလုံးတွေက ကြီးမြတ်တဲ့ပညာရှင် မိုချန် ကိုယ်တိုင်ရေးထားတဲ့ စာလုံးတွေပါ၊ တော်ဝင်ဦးရီးတော် ဒီခေါက်ယပ်တောင်လေးကိုကြိုက်မယ်လို့ ကျတော်မျိုး မျှော်လင့်ပါတယ်"

ဒီအမှိုက်ကောင် အိမ်ရှေ့စံရဲ့ စကားတွေကိုကြားတော့ ခန်းမတစ်ခုလုံး အုတ်အုတ်သဲ့သဲ့ဖြစ်သွားသည်။

ပုံမှန်အားဖြင့် အမူအရာကင်းမဲ့ပြီး ကျောက်သားလို ကြံ့ကြံ့ခိုင်တဲ့ ဧကရာဇ်တောင် အနည်းငယ် အံ့အားသင့်သွားသည်။ ကြီးမြတ်တဲ့ ပညာရှင်မိုချန်ဆိုတာ ဒီမျိုးဆက်ရဲ့ အရည်အချင်းတစ်ပါးဖြစ်ပြီး မြင်ရတွေ့ရမလွယ်ကူတဲ့ ပါရမီရှင်ဖြစ်သည်။ သူ့ရဲ့ ဥာဏ်ပညာနဲ့အမြော်အမြင်ဟာ သာမန်လူ လိုက်မမှီနိုင်တဲ့ အရာဖြစ်သည်။ ကောလဟာလတွေအရ သူက အသက် ခုနှစ်ဆယ်ခန့်ရှိပြီဖြစ်ပေမယ့် နိုင်ငံများစွာက အငမ်းမရ လိုချင်နေသူဖြစ်သည်။
ဒဏ္ဍာရီတွေအရ မိုချန်ရဲ့ အကူအညီနဲ့ဆို အဲ့ဒီလူက ကမ္ဘာကိုသိမ်းပိုက်စိုးမိုးနိုင်ပြီး မျိုးဆက်ရဲ့ တာဝန်ကိုထမ်းဆောင်မယ့်သူဖြစ်လာလိမ့်မည်တဲ့။
ဒါဟာ နိုင်ငံမြောက်များစွာက ကြီးမြတ်တဲ့ပညာရှင်မိုချန်အား ရှာဖွေမှုကို မရပ်တန့်ရခြင်းရဲ့ အကြောင်းပြချက်ဖြစ်သည်။

ကံမကောင်းစွာနဲ့ ကြီးမြတ်တဲ့ ပညာရှင်မိုချန်က လွန်ခဲ့တဲ့နှစ်တွေကတည်းက တောတောင်တွေဆီမှာ ပုန်းခိုကာ အနားယူခဲ့ပြီဖြစ်သလို သူ့ရဲ့ ဇာစ်မြစ်ကို မည်သူမှ ရှာလို့မတွေ့နိုင်ချေ။

ဒါပေါ့ ဘာသဲလွန်စမှမရှိဘဲ ပဟေဋ္ဌိဆန်ဆန် ပျောက်ကွယ်နေပြီး ဘယ်နေရာမှာ ရှိမှန်းမသိတဲ့ တစ်စုံတစ်ယောက်က ရေးထားတဲ့ စာလုံးတွေနဲ့ခေါက်ယပ်တောင်ကို အိမ်ရှေ့စံက ရခဲ့တယ်။

ဒါကို ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေမလဲ။
ဒီယပ်တောင်ပေါ်က စာလုံးတွေ က ကြီးမြတ်တဲ့ပညာရှင် မိုချန်ရဲ့ လက်ရေး အမှန်ဖြစ်ခဲ့မယ်ဆို တခြားတခြားသော လက်ဆောင်တွေထက် အိမ်ရှေ့စံရဲ့ ယပ်တောင်က တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်မှာပဲ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now