Chapter(21)-ဘယ်လိုဒုက္ခရောက်ခဲ့တာလဲ

4.7K 576 8
                                    

Unicode

"အဖွား" မောင်နှမနှစ်ယောက်က အထဲကိုရောက်ပြီး အဖွားဖြစ်သူကို နှုတ်ဆက်လိုက်သည်။

"ထိုင်ကြတော့" သခင်မကြီးက မျက်စိလည်နေပေမယ့်လည်း သူမရဲ့မျက်နှာမှာ​တော့ ဘယ်လိုအရိပ်အယောင်မှ ပေါ်မနေပါဘူး။

မောင်နှမနှစ်ယောက်က လုဟန်ထျန်းကိုပါ နှုတ်ဆက်ပြီးနောက် ထိုင်ခုံအသီးသီးမှာ ထိုင်လိုက်ကြတယ်။

မြို့စားဟောင်းကြီးက သူ့ဘဝတစ်လျှောက်လုံးမှာ မြို့စားကတော်ဟောင်းကြီးတစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့ပြီး လုဟန်ထျန်းသာ တစ်ဦးတည်းသောသားလေး ဖြစ်သည်။
လုဟန်ထျန်းက မဒမ်လင်းသေဆုံးပြီးနောက်မှာ မဒမ်ကျန်းကို လက်ထပ်ခဲ့ပေမယ့် သူ့မှာလည်း သားသမီးများများစားစား မရှိလေဘူး။ သားဖြစ်သူ လုထင်ချန်နဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ လုယွင်ရွှမ်းနဲ့ လုလျန့်ဝေ တို့သာရှိသည်။ဒါကြောင့် လုမိသားစုမျိုးဆက်ဟာ အခြေခံအားဖြင့် ရိုးရှင်းလေသည်။

ဒီညမှာ တစ်မိသားစုလုံးက ညစာအတွက် ခန်းမကျယ်ကြီးထဲမှာ စုဝေးခဲ့ကြပေမယ့် လေထုက ရွှင်ရွှင်မြူးမြူးမရှိဘဲ ခြောက်သွေ့နေသလိုပဲ။

သခင်မကြီး ကတော့ တွေးဆဆဖြစ်နေတယ်။

လူတွေက အသက်အရွယ်ကြီးရင့်လာပြီဆိုရင် သူတို့ဘေးနားမှာ သားသမီးမြေးမြစ်လေးတွေရှိမှ နေလို့ထိုင်လို့ပျော်တယ်။ သခင်မကြီးလည်း အဲ့လိုပဲပေါ့။

ဒီတော့ ဒီညစာစားနေစဥ်မှာ လုထင်ချန်အတွက် လက်ထပ်ဖို့ ကိစ္စကို စကားစရပြီ။

လုဟန်ထျန်းက ဘာမှမပြောခင်မှာပဲ လုထင်ချန်က မျက်နှာရှစ်ခေါက်ချိုးနဲ့ပြောရပြီ
"အဖွား၊ ကျတော် လက်ထပ်ဖို့ ကိစ္စကို မစဥ်းစားသေးဘူး၊ ဒီကိစ္စကို နောက်နှစ်အနည်းငယ်လောက်ကြာမှ ဆွေးနွေးရအောင်လား"

ဒါကိုကြားတော့ သခင်မကြီး စိုးရိမ်ရပြီ
"မင်းက ဒီနှစ်ပဲ ၁၉ နှစ်ရှိနေပြီ၊ နောက်နှစ်ဆို အသက် ၂၀၊ သူများတွေ ဒီအရွယ်မှာ အဖေတွေတောင်ဖြစ်နေပြီ၊ နင်က အခုထိ လက်ထပ်ဖို့ကို ငြင်းနေရသလား"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now