Chapter(14)-ဧကရာဇ်ကို ဘယ်လိုတောင် ကျိန်ဆဲရဲရတာလဲ

5.6K 648 3
                                    

Unicode

လုလျန့်ဝေက သူမရဲ့ ခေါင်းလေးကို ငုံကာ ရိုရိုကျိုးကျိုးလေး နေလိုက်သည်။ ဧကရာဇ်ပြောတဲ့အပေါ် သိပ်ပြီးခံစားမနေခဲ့ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လေးစားတဲ့ပုံလေးနဲ့သာ ပြန်ဖြေလိုက်တယ်
" အရှင်မင်းကြီးရဲ့ ဆုံးမသွန်သင်မှုကို လိုက်နာပြီး ကျတော်မျိုးမ ဆင်ခြင်ပါ့မယ်"

" ငါကိုယ်တော်ကို စော်ကားသည်ဖြစ်စေ၊ အိမ်ရှေ့စံကို နောက်ကွယ်မှာ အသရေဖျက်သည်ဖြစ်စေ၊ ဒီအပြစ်နှစ်ခုလုံးဟာ သေဒဏ်ကျခံနိုင်တယ်ဆိုတာ မှတ်ထားပါ"
လုံယန်ရဲ့ အသံက တည်တည်ငြိမ်ငြိမ်ပါပဲ၊ သို့သော်ငြား အကြောင်းပြချက်အချို့ကြောင့် သူ့ရဲ့အသံမှာ ဖိနှိပ်ချုပ်ချယ်ပြီး အသက်ရှူကျပ်စေတဲ့ အားတချို့ရှိနေသည်။

လုထင်ချန်ရဲ့ နှလုံးသားကတော့ ထပ်ပြန်နစ်မြုပ်သွားရပြန်တယ်။ ပြီးတော့ ဗျာများစွာ အသနားခံလိုက်သည်။ " ကျေးဇူးပြုပြီး ရွှေစိတ်တော် မညှိုးပါနဲ့ အရှင်၊ ကျတော်မျိုးရဲ့ ညီမငယ်က.... "

လုလျန့်ဝေက သူ့ရဲ့ အက်ျီလက်စကို ဆွဲစာ ဆက်လက် အသနား မခံဖို့ လက်ရိပ်ပြလိုက်သည်။
လုထင်ချန်လည်းခေါင်းကိုလှည့်ကာ ညီမဖြစ်သူကိုသာ စိန်းစိန်းဝါးဝါး ကြည့်လိုက်ရတော့သည်။ သူ့ရဲ့ မျက်ခုံးတန်းနှစ်ခုဟာလည်း မကျေမချမ်းဖြစ်နေပုံကို ဖော်ဆောင်နေပေသည်။
ဒီ အမိုက်အမဲညီမ၊ သူ့ကိုယ့်သူ ဘာလုပ်နေမှန်းကော သိသေးရဲ့လား။

အကယ်၍ ဧကရာဇ်သာ သူမအသက်ကို အလိုရှိရင် စကားတစ်ခွန်းနဲ့ပဲ အားလုံးပြီးဆုံးသွားမှာ။

လုလျန့်ဝေက အစ်ကိုဖြစ်သူရဲ့ လက်စကို လွှတ်လိုက်ကာ တည်ငြိမ်အမူအရာလေးနဲ့ လုံယန် ကို ညွန်းဆိုလိုက်သည်။
" အရှင်မင်းကြီး ကျမရဲ့ အမှားအတွက် အပြစ်ပေးချင်ပါက ဒါဟာ စကားအနည်းငယ်နဲ့ပဲ ပြီးဆုံးသွားမယ့် ကိစ္စလေးပါ၊ သို့ပေညား ကျမရဲ့ အပြစ်ဟာ ဒီ စာဖတ်ခန်းထဲကို မဝင်ခဲ့သင့်တာလေး တစ်ခုပါပဲ၊ ဒါဆိုရင် အရှင့်ရဲ့ ဝေဒနါ ခံစားနေရမှုကိုလည်း မြင်တော့မှာ မဟုတ်ဘဲ ကျမရဲ့ နေရာကို မသိဘဲ အရှင့်ကို ကယ်တင်ဖို့ ပြုလုပ်ခဲ့မိမှာလည်း မဟုတ်ပါဘူး"
" အကယ်၍ ကျမသာ ဝင်မစွက်ဖက်ခဲ့ရင်၊ ဒီနေ့လို အခြေအနေမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး၊ ဒါတွေအားလုံးက ကျမရဲ့ အနေအထိုင် မဆင်ခြင်မှုကြောင့်ပါပဲ၊ ဒါကြောင့် အရှင် ကျမကို ပြစ်ဒဏ်ချမှတ်မယ်ဆိုရင်လည်း ကျမရဲ့ အပြစ်အတွက်ခံယူပါ့မယ်"
လုံယန်သည် ဒေါသထွက်စွာနဲ့ ခပ်ဟဟ ရယ်လိုက်ပြီး သူ့ရဲ့ ပုံကတော့ ရေခဲတမျှ အေးစက်နေလေသည်။
" မင်းရဲ့ စွက်ဖက်မှုက ငါကိုယ်တော်ရဲ့ အသက်ကို ကယ်တင်ခဲ့ပေမယ့် မင်းက အဲ့သလို မလုပ်ခဲ့သင့်ဘူးလို့ ပြောတယ်၊ ဒါက မင်း ငါကိုယ်တော်ကို သဘောထားကြီးစွာနဲ့ ကယ်တင်ခဲ့တယ်ဆိုတာကို သတိပေးတယ်၊ ဒါ့အပြင် မင်းပြောခဲ့သမျှအားလုံးရဲ့ နိဂုံးချုပ်က ရှင်းပါတယ်၊ ငါကိုယ်တော်က မင်းရဲ့ သဘောထားကြီးမှုအပေါ်မှာ အညှိုးအတေးနဲ့ အပြစ်ပေး ဖို့လုပ်တယ်လို့ ဆိုလိုချင်တာပေါ့၊ ဟုတ်လား"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now