Chapter(36)-အရည်အချင်းမရှိတဲ့အမှိုက်

4.4K 621 12
                                    

Unicode

လုလျန့်ဝေပြောတာကိုကြားတော့ လုယွင်ရွှမ်းရဲ့နှလုံးသားက အောက်ကိုကျသွားသလိုပါပဲ။

ဒီတစ်ခေါက်သူမ လာတဲ့အချိန်မှာ အဖွားရဲ့သဘောထားတစ်မျိုးဖြစ်နေ တယ်လို့ထင်နေမိတာ အံ့သြစရာမရှိတော့ဘူး ။ ဒီပြသနာကြောင့်ကိုး။

"အဖွား၊ သမီးက..."

"ဝေဝေ ပြောတာနားထောင်မနေပါနဲ့၊ ငါက အသက်ကြီးနေပြီဆိုပေမယ့်လည်း အိမ်ဝင်ပေါက်ကို လမ်းလျှောက်နိုင်လောက်တဲ့ အင်အားတော့ရှိပါသေးတယ်"
သခင်မကြီးက ဖြတ်ပြောလိုက်သည်။
လုယွင်ရွှမ်းရဲ့မျက်နှာလည်း ဖြူရော်လို့သွားသည်။
သခင်မကြီးငယ်ရွယ်စဥ်တုန်းက မြို့စားကြီးနဲ့အတူ စစ်မြေပြင်တွေဆီမှာ ကျော်ဖြတ်ခဲ့ရပြီး ဂုဏ်သတင်းကြီးသူတစ်ဦးဖြစ်တယ်။ သို့ပေမယ့်လည်း အသက်အရွယ်ကြီးလာကာမှ မြေးမဖြစ်သူကို အရိုအသေပေးနှုတ်ဆက်နေရပြီ။ သူမနှလုံးသားထဲမှာတော့ အဆင်မပြေခံစားရမှာ အမှန်ပဲ။

သခင်မကြီးအခုပြောတဲ့စကားကိုကြားလိုက်ရတော့ လုယွင်ရွှမ်း စိုးရိမ်သောကရောက်ရသည်။

သူမ ဒီနေ့မလာခင်က ဒေါ်ဒေါ်ကျန်းဆီကို သူမတို့လာမယ့်အကြောင်း စာရေးအကြောင်းကြားခဲ့တယ်။ ဒါပေမယ့် သခင်မကြီးကိုအလန့်တကြားမဖြစ်စေဖို့ရန် သူမတို့ရဲ့အစီအစဥ်တွေကို အထူးမပြင်ဆင်ဖို့ရန် သတိပေးဖို့မေ့သွားခဲ့တယ်။

သူမလည်း ဒီအချက်ကို မြို့စားအိမ်တော်နား မရောက်ခင်ကမှ စဥ်းစားမိပေမယ့် နောက်ကျလို့သွားပြီ။
နောက်ပြီးသခင်မကြီးဆီကလည်း စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မတွေ့ရဘူးလေ။ ဒီတော့ သူမလည်း သိပ်စဥ်းစားမနေခဲ့တော့ဘူး။

လုလျန့်ဝေရဲ့ ထောက်ပြတာကိုခံလိုက်ရတော့ သူမရဲ့ နားမလည်တတ်မှုကို မီးမောင်းထိုးပြသလိုဖြစ်စေပြီး သခင်မကြီးကို ကရုမစိုက်တဲ့ တာဝန်မကျေပွန်တဲ့ မြေးမဖြစ်သွားစေတယ်။
သူမရဲ့ ဒီအခြေအနေကနေလွတ်မြောက်ဖို့အတွက် တစ်ခုခုပြောဖို့ ပြင်ဆင်လိုက်ပေမယ့် သခင်မကြီးက စတင်ပြောလာတော့သည်။

"အခုက မတ်လဆိုတော့ နွေဦးရာသီ၊ အပင်တွေစပြီးဖူးတဲ့ကာလ၊ ဥသြတွေက ကောင်းကင်ယံမှာမြင့်မြင့်ပျံပြီး ပန်းတွေရဲရဲနီအောင်ဖူးနေပြီး မိုးမခပင်တွေစိမ်းလန်းနေကြပြီ၊ မင်းတို့နှစ်ယောက်စလုံး ဒီအကြောင်းအရာကို သုံးပြီး ကဗျာဖွဲ့ဆိုနိုင်တယ်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now