Chapter(52)-လုံယန်ရဲ့ ထူးဆန်းမှု

2.5K 346 34
                                    

Unicode

လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားတဲ့ လုံယန်ရဲ့လက်ဆစ်တွေက ဖြူဖျော့နေတာကိုတော့ ဘယ်သူမှသတိမထားမိပါဘူး။ သူ့ရဲ့ ကျောက်စိမ်းလို ချောမွေ့နေတဲ့ မဟာ နဖူးမှာလည်း ချွေးစေးအနည်းငယ် ထွက်လို့နေပါတယ်။

ခန်းမရဲ့ အလယ်မှာရပ်နေတဲ့ မိန်းကလေးကို သူကြည့်လိုက်ပြီး အသံခပ်နိမ့်နိမ့်နဲ့ ခံညားစွာပြောလာသည်
"ဒီလိုဆိုမှတော့ ကိုယ့်တော့်ဆီကိုလာပြီး မင်းရဲ့ လက်ဆောင်ပဏ္ဋာကို ဆက်သနိုင်ပါတယ်"

လုံယန်ရဲ့ ထူးဆန်းနေမှုကို ကျောက်ချမ်တစ်ဦးတည်းကသာ သတိထားမိတာမဟုတ်ပါဘူး၊ လုလျန့်ဝေကလည်း သတိထားမိပါတယ်။

မူလဝတ္ထုအရ ဧကရာဇ်ရဲ့ လျှို့ဝှက်တဲ့ ရောဂါက သူ့ရဲ့ မွေးနေ့ပွဲတော်မှာ ပေါက်ကြားသွားလိမ့်မယ်။ သူက ပွဲကျင်းပနေစဥ်အတွင်းမှာ သတိလစ်သွားမှာဖြစ်ပြီး ရလဒ်ကလည်း သေးသေးကွေးကွေးမဟုတ်ပါဘူး။
ဒီဖြစ်ရပ်ကြောင့် မင်းကြီးက သူ့ရဲ့ရောဂါကြောင့် သေမင်းတံခါးဝဆီနီးနေပြီဖြစ်ကြောင်း အင်ပါယာနန်းတော်ရဲ့အတွင်းကော အပြင်ကိုပါ သတင်းတွေ ပြန့်သွားခဲ့ရတယ်။

ရလဒ်အနေနဲ့ ကတော့ ခြံစည်းရိုးခွထိုင်ထားကြတဲ့ မင်းမှုထမ်း အတော်များများက တုံ့ဆိုင်းမှုမရှိ လုံချီ ဘက်ကို အလေးသာသွားပြီး လုံချီကိုသာထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီကိစ္စတွေဖြစ်ပျက်ပြီးနောက်မှာ လုံယန်ရဲ့ရောဂါက ပိုမိုဆိုးရွားလာခဲ့ပြီး သိပ်မကြာခင်မှာပဲ ကံတော်ကုန်ကာနတ်ရွာစံသွားခဲ့တယ်။

ဒီကိစ္စတွေအကြောင်းတွေးပြီးနောက်မှာတော့ လုလျန့်ဝေက ခပ်မြန်မြန်လေးပြောလိုက်သည်
"အရှင်မင်းကြီးအနေနဲ့ ကျတော်မျိုးမကို ပြင်ဆင်မှုတချို့ပြုလုပ်ဖို့ အချိန်ဆယ့်ငါးမိနစ်လောက် တောင်းဆိုချင်ပါတယ်"

လုံယန်ရဲ့ လျှို့ဝှက်တဲ့ အကြည့်က သူမပေါ် တခဏလောက် ကျရောက်ပြီးနောက်မှာတော့
"ကောင်းပြီ၊ ကိုယ်တော် ခွင့်ပြုတယ်"

လုလျန့်ဝေက စိတ်သက်သာရာရသွားသည်။ သူမ ကျောက်စိမ်းနန်းတော်ထဲက ဆုတ်ခွာချိန်မှာတော့ ဒေါ်ဒေါ်ကျန်းမျက်လုံးထဲက ဖုံးကွယ်ထားလို့မရနိုင်တဲ့ သံသယတို့ကို သတိပြုမိလိုက်သည်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now