Chapter(37)-မနာလိုမှု

4.3K 553 14
                                    

Unicode

နေရောင်ခြည်နွေးတို့က ခန္ဓာကိုယ်အပေါ်ဖြာကျလို့နေတယ်၊ သူမရဲ့ အလှကိုပံ့ပိုးပေးနေသယောင်ပေါ့။

ကဗျာရေးပြီးချိန်မှာတော့ စုတ်တံကိုချကာ သခင်မကြီးကိုလှည့်ကြည့်လိုက်တယ်။ သူမပြုလိုက်တဲ့ အပြုအမူလေးတိုင်းနဲ့အတူ တောက်ပရွှန်းစိုကာ ထက်မြက်တဲ့မျက်လုံးအစုံက မှင်သက်စရာကောင်းလှတယ်။

"အဖွား သမီးကတော့ရေးလိုက်ပြီ၊ ဒါပေမယ့် သိပ်အကောင်းကြီးတော့မဟုတ်ဘူး၊ အဖွားကိုအပြစ်မပြုမိစေဖို့ပဲ မျှော်လင့်ရတော့မယ်"

လုံချီက သူမကို ငေးကြည့်မိလို့သွားတယ်၊ အဲ့ဒီနောက်မှာတော့ သူရဲ့အကြည့်ကို မသိမသာ အမြန်လွှဲလိုက်ရတယ်။ ဒီတုံးအတဲ့မိန်းကလေးမှာ ဒီလိုမှင်သက်စရာကောင်းတဲ့ပုံစံလေးရှိလိမ့်မယ်လို့ မထင်ထားဘူး။

"ဒီကလေးမလေးကတော့၊ အဖွားအပြစ်ပေးမှာကိုတောင်ကြောက်ရသေးတယ်ပေါ့"
သခင်မကြီးက ပြောလိုက်ပေးမယ့်လည်း သူမ မျက်လုံးမှာတော့ နူးညံ့မှုတွေရှိလို့နေပါတယ်၊ လုလျန့်ဝေရဲ့ စားပွဲနားကိုထသွားကာ စာရွက်ကိုယူကြည့်လိုက်ပါတယ်။

ဖြည်းဖြည်းမှန်မှန်လေးရွတ်ဖတ်လိုက်ပါတယ်
"ဒီကနေ့လိုပေါ့ ၊ မနှစ်ကဒီအချိန်အခါသမယ မှာ မိန်းမပျိုလေးတွေရဲ့ မျက်နှာက ချယ်ရီတွေနဲ့အပြိုင် ရဲရဲနီလို့နေတယ်၊ ဒီမိန်းမပျိုလေးတွေကတော့ ဘယ်အချိန်ဘယ်နေရာမှာ ရှိနေပြီလဲ မသိနိုင်ပြီ၊ သို့သော်ငြား ချယ်ရီတွေကတော့ ဒီနှစ်နွေဦးမှာ သစ္စာရှိဆဲ၊ အပြိုင်ပွင့်ဆဲပါ"

ကဗျာကို ရွတ်ဖတ်ပြီးနောက်မှာတော့ ခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်လို့သွားတယ်။ တခဏအကြာမှာမှ သခင်မကြီးက သတိပြန်ဝင်လာပြီး လုလျန့်ဝေကို မျက်တောင်မခတ်ကြည့်ကာမေးလိုက်သည်
"သမီး ဒီကဗျာကို ကိုယ့်ဘာသာကို စပ်တာလား"

လုယွင်ရွှမ်းက လက်ထဲက ပုဝါကို ခပ်တင်းတင်းဆုပ်ကိုင်လို့ထားတယ်။
ကဗျာတစ်ပုဒ်ကိုတောင် မှတ်မိအောင်မကျက်နိုင်တဲ့ ဒီငတုံးမက ကိုယ့်ဘာသာကဗျာစပ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now