Chapter(10)-လုံယန်

5.6K 660 13
                                    

Unicode

လုထင်ချန်နဲ့ ချူရှီ နှစ်ယောက်စလုံးက ဧကရာဇ်တစ်ခုခုဖြစ်သွားမှာကို စိတ်ပူပန်လို့နေကာ သူတို့အမူအရာတွေက ထိတ်လန့်စိတ်ပူလို့နေလေမှန်းသိသာနေသည်။ သူတို့က အနောက်မှာ လိုက်ပါလာတဲ့ သမားတော်ကိုတောင် ကရုမစိုက်နိုင်တော့ဘဲ အခန်းထဲကိုသာ အပြေးအလွှားဝင်သွားကြတော့တယ်။

တံခါးကိုတွန်းဖွင့် အပြီးမှာတော့ ဧကရာဇ်လုံယန် က သက်တောင့်သက်သာရှိတဲ့ ကုလားထိုင်တစ်ခုပေါ်မှာ ထိုင်လို့နေသည်။ သူရဲ့ မျက်နှာက ဖြူဖျော့လို့နေပေမယ့် အခြေအနေဆိုးရွားနေတဲ့ပုံတော့မပေါ်ဘူး။

ဧကရာဇ်က ထိုင်ခုံကြီးပေါ်မှာ တောင့်တောင့်ကြီးထိုင်နေတယ်။ ဒါပေမယ့် သူ့ဆီကနေ ထိတ်လန့်ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေထုတ်လွှင့်နေတာက မသိရင် နှစ်အဆက်ဆက်စုပေါင်းထားတဲ့ အရှိန်အဝါတွေက ပေါက်ကွဲထွက်လာသလိုပဲ။ သူ့ဆီက ထုတ်လွှင့်နေတဲ့ အရှိန်အဝါတွေက ပြင်းထန်နေပြီး လူတိုင်းကို သူ့ရှေ့မှာ ဒူးထောက်စေတော့မလိုပဲ။

စာဖတ်ခန်းတစ်ခုလုံးက အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်လို့နေသည်။ လေထုဖိအားကလည်း သူတို့ကို မသက်မသာဖြစ်စေတယ်။
လုံယန်က သူ့ရှေ့မှာ ထိုင်နေတဲ့ မိန်းကလေးကို အေးစက်ပြီးစူးရှ တဲ့ အကြည့်နဲ့ကြည့်နေလေတယ်။

" ရှင်ကျမကို ဘယ်လိုအကြည့်ကြီးနဲ့ကြည့်နေတာလဲ၊ မဟုတ်မှလွဲရော ကျမက ရှင့်ကို အသားယူလိုက်တယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"

သူမ အသံထဲမှာတော့ ဒေါသထွက်နေတဲ့ အရိပ်အယောင်လေးတွေရှိလို့နေတယ်။ ဒါပေမယ့် တံခါးဖွင့်သံကြားလိုက်ချိန်မှာတော့ ကြည့်ဖို့အတွက် ခေါင်းကိုလှည့်လိုက်လေသည်။

" ဝေဝေ၊ စကားကို ဆင်ဆင်ခြင်ခြင်ပြော" ထိတ်လန့်နေရာကနေ သတိဝင်လာတဲ့ လုထင်ချန်က လုလျန့်ဝေကို သတိပေးတဲ့အကြည့်နဲ့ကြည့်ကာ ပြောလိုက်သည်။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲတော့ သူအခုထိ နားမလည်နိုင်သေးဘူး။ သူ့စကားလုံးတွေက ပြင်းထန်ပေမယ့် ကရုနာဒေါသောနဲ့ပြောတာဖြစ်တယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now