Chapter(53)-ဧကရာဇ်က ရည်ရွယ်ချက်ရှိရှိလုပ်လေသလား

5.4K 476 81
                                    

Unicode

ဧကရာဇ်ရဲ့ အမိန့်ကိုကြားချိန်မှာ ကျောက်ချမ်တစ်ယောက် ကြက်သေသေသွားတယ်၊ ဒါပေမယ့် ချက်ချင်းပဲ သူ တုံ့ပြန်နိုင်လိုက်တယ်။

ကျောက်စိမ်းလှေကားထစ်ကိုဆင်းသွား ကာ လုလျန့်ဝေဆီက ပန်းကန်လုံးကို ယူတော့မယ့်အချိန်မှာပဲ သူ့သခင်ရဲ့ အမိန်းပေးသံကို ကြားလိုက်ရသည်
"ဒုတိယသခင်မလေး လု ကို ကိုယ်တိုင်ယူလာစေ"
ကျောက်ချမ်က လုပ်လက်စကို ချက်ချင်း ရပ်လိုက်ရသည်။
လုလျန့်ဝေက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ချိန်မှာ ဧကရာဇ် ပြောသံကို ကြားလိုက်ရတာဖြစ်တယ်။

သူမ ချက်ပြုတ်ထားတဲ့ သက်ရှည်ခေါက်ဆွဲက ပုံမှန် ခေါက်ဆွဲတော့ မဟုတ်လေဘူး။
သူမက ဒီ စွပ်ပြုတ်ထဲကို ဧကရာဇ်ရဲ့ ရောဂါအတွက် အကျိုးရှိစေမယ့် ဆေးဖက်ဝင် အပင်တချို့ကို ရောထည့်ကာ ပြုလုပ်ထားသည်။ အနည်းဆုံးတော့ ဒီစွပ်ပြုတ်ကိုသောက်သုံးခြင်းက သူ့အခြေအနေကိုထိန်းချုပ်နိုင်ပြီး နာကျင်မှုကို ခဏတာ သက်သာစေမှာ ဖြစ်တယ်။

သူမက တည်ငြိမ်စွာနဲ့ ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ကျောက်စိမ်းလှေကားပေါ်ကို တက်သွားလိုက်ပြီး ဧကရာဇ်ရဲ့ စားပွဲခုံတော်ပေါ်မှာ တင်လိုက်သည်။

သူမ လုံယန်ရဲ့ အနီးကိုရောက်မှ သူ့မျက်နှာဟာ အလွန်ဖျော့တော့နေတာကို သိလိုက်ရသည်။ သူ့နဖူးက ချွေးစေးတွေတောင် ထွက်လို့နေသည်။
ခုန မတ်လဖြစ်ပြီး ရာသီဥတုက အနည်းငယ် အေးစိမ့်နေဆဲပင်။ ဧကရာဇ်ကို ကြည့်ရတာ ရောဂါညှင်းဆဲမှုဒဏ်ကို အတော်ခံနေရပုံပင်။

သူက အတော်ကို နေမကောင်းဖြစ်နေပေမယ့် သင့်တင့်ပြီး ခံ့ညားတဲ့ပုံနဲ့ ပုံစံမပျက်ထိုင်နေလျက်ပင်။ သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း မည်သူမျှ ပြောနိုင်လိမ့်မည်မဟုတ်ပေ။
လုလျန့်ဝေအနေနဲ့ ဧကရာဇ်အား အတော်ကိုလေးစားမိသည်။

သူက ဖျားနေပေမယ့် သူ့ပုံစံအတိုင်းထိန်းထားနိုင်တုန်းပင်။ ဒါက သူဘယ်လောက်ထိ စိတ်ဓာတ်ကြံ့ခိုင်သလဲဆိုတာ ပြသနေတာပဲ ဖြစ်သည်။
အဲ့နောက်မှာတော့ လုံယန်ရဲ့ အေးစက်စက်အကြည့်က လုလျန့်ဝေပေါ် ခဏတာ ကျရောက်သွားသည်။
လုလျန့်ဝေက အလန့်တကြားနဲ့ အကြည့်ကို မြန်မြန်လွှဲလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 02, 2022 ⏰

Add this story to your Library to get notified about new parts!

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now