Chapter(47)-အရှက်ခွဲခံရခြင်း

3.7K 498 16
                                    

Unicode

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လို့သွားသည်။
သတိပြန်ဝင်လာတဲ့ ချင်ဝမ်ရူလည်း ဒေါသထွက်ထွက်နဲ့ အော်ပြောလာသည်
"လုလျန့်ဝေ၊ ငါ နင့်ကို သတ်မယ်!"
ပြောပြီးတာနဲ့ လုလျန့်ဝေဆီ သွေးရူးသွေးတန်းနဲ့ ပစ်ဝင်လာတော့သည်။

"ဧကရာဇ်မင်းမြတ် ရောက်ရှိကြောင်း အသိပေးအပ်ပါတယ်..."

ဒီအချိန်မှာပဲ မိန်းမစိုးရဲ့ အသံက လွင့်ပျံလို့လာသည်။

ဧကရာဇ်က ဒီရောက်နေပြီ!
ချင်ဝမ်ရူက မှင်တက်သွားပြီး သူမရဲ့ အပြုအမူတို့လည်း ရုတ်ချည်း ရပ်တန့်သွားသည်။

သိပ်မကြာခင်မှာပဲ ဧကရာဇ်က ခန်းမထဲကို ဝင်လာသည်၊ သူက အဝါရောင်တောက်တောက် အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ရဲ့အနောက်မှာ အိမ်ရှေ့စံ၊ အိမ်ရှေ့စံကြင်ယာတော် အပါအဝင် မြို့စားအိမ်တော်ဆက်ခံသူ လုထင်ချန်စတဲ့ ခြွေရံသင်းပင်းတို့ လိုက်ပါလာသည်။

"အားလုံး ဧကရာဇ်ကို နှုတ်ခွန်းဆက်သကြ!"

အားလုံးက အလန့်တကြားနဲ့ ကြမ်းပေါ်ကို ချက်ချင်းဝပ်ချလိုက်ကြသည်။
တုန့်ပြန်ဖို့ နှေးကွေးနေတဲ့ ချင်ဝမ်ရူ တစ်ဦးတည်းသာ ကြက်သေသေပြီး ရပ်ကျန်နေခဲ့သည်။
သူမက ခပ်သေးသေး ကြက်ကလေးတွေကြားထဲမှာ လည်တံရှည်ရှည်နဲ့ရပ်နေတဲ့ ကြိုးကြာငှက်လိုဖြစ်နေသည်။

ဒါကိုမြင်တော့ ကျောက်ချမ်က စူးရှစွာပြောလာသည်
"ဘယ်လောက်တောင် ပမာမခန့်တာလဲ၊ ဧကရာဇ်ရှိနေတာတောင် ဒူးမထောက်သေးဘူးလား"

ဒီတော့မှ ချင်ဝမ်ရူက သတိပြန်ဝင်လာပြီး အမြန်ဒူးထောက်လိုက်သည်၊ သူမရဲ့အသံက တုန်လှုပ်နေပြီး
"ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်"

"ထနိုင်ပြီ" လုံယန်က ခန်းမတစ်ခုလုံးကို ဖြန့်ကျက်ကြည့်လိုက်ပြီး သူ့ရဲ့ ပလ္လင်ဆီကို လျှောက်လို့သွားသည်။

ချင်ဝမ်ရူက သက်မချလိုက်ကာ အားလုံးနဲ့အတူ လိုက်ရပ်လိုက်သည်၊ ဒါပေမယ့် အဲ့အချိန်မှာပဲ

"pff!"
{အီးပေါက်တဲ့အသံပါ}
(မြန်မာလိုဆို အသံထွက်ရေးရတာ အဆင်မပြေတာကြောင့် English လိုပဲ ရေးလိုက်ပါတယ်)

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now