Chapter(48)-မင်းရဲ့ ခေါင်းကိုမော့

4.3K 590 33
                                    

Unicode

လုလျန့်ဝေဆိုတာ သူ့မျက်နှာ အလှကြောင့်သာ မဟုတ်ရင် ဘာမှ မဟုတ်တဲ့ကောင်မပဲ။
ချင်ဝမ်ရူရဲ့ မျက်လုံးတို့မှာ မိုက်မဲတဲ့ အကြည့်တို့ ပေါ်လာသည်။

သူမရဲ့ လက်တွေကို မြှောက်လိုက်ပြီး ချွန်ထက်တဲ့လက်သည်းတို့နဲ့ လုလျန့်ဝေရဲ့ မျက်နှာကို ကုတ်ဆွဲတော့မယ့် အချိန်မှာပဲ သူမအရှေ့မှာ အဝါရောင်ပုံရိပ်က ရုတ်တရက် ပေါ်လာသည်။

ချင်ဝမ်ရူ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူမရဲ့ ဝမ်းဗိုက်ကို ကန်ခံလိုက်ရတာကို ခံစားလိုက်ရပြီး လွင့်ထွက်သွားသည်။
ကျယ်လောင်တဲ့အသံကို ကြားလိုက်ရပြီး လူတိုင်းက တိတ်ဆိတ်သွားကာ အသက်ရှူမှားလို့သွားသည်။
ဧကရာဇ်ရဲ့ အေးစက်ပြီး ရှုသိုးသိုးဖြစ်နေတဲ့ အသံကို ကြားလိုက်ရသည်
"ငါကိုယ်တော်ရှေ့မှာတောင် ပမာမခန့်ပြုမူရဲနေတာလား"

အားလုံးက ကြောက်လန့်ကာ ဒူးထောက်ချလိုက်ကြသည်။

လုထင်ချန်က ဒူးထောက်ချရင်း သူ့ဓားရိုးကို တင်းတင်း ဆုပ်ကိုင်လို့ထားသည်။
ချင်ဝမ်ရူက ဝေဝေ့ကို နာကျင်အောင်လုပ်တော့မယ့်အချိန်မှာ သူ အပြေးသွားလိုက်ချင်သည်။ ဒါပေမယ့် ဧကရာဇ်က သူ့ထက်အရင် တုံ့ပြန်ကာ ဝေဝေ့ အရှေ့ကနေ ကာကွယ်ပေးခဲ့သည်။
ဧကရာဇ်က ချင်ဝမ်ရူကို သင်ခန်းစာပေးလိုက်တဲ့အချိန်မှာ ချင်ဝမ်ရူတစ်ယောက်တော့ သွားပြီဆိုတာ သူသိလိုက်သည်။

သူ့အကြည့်တို့က ရုပ်ရည်လှပတဲ့ ချင်ဝမ်ရူဆီရောက်သွားသည်။
ဒီအမျိုးသမီးက အငြိုးထားမဲ့ မိန်းမမျိုးပဲ။ ဝေဝေ့ကို နာကျင်အောင်လုပ်တဲ့ သူတွေကို သူက လွယ်လွယ်နဲ့တော့ အလွတ်ပေးမှာ မဟုတ်ဘူး။

လုံချီနဲ့ လုယွင်ရွှမ်းကလည်း အများနည်းတူ ဒူးထောက်လို့နေသည်။ ဧကရာဇ်က လုလျန့်ဝေကို သူ့နောက်မှာထားပြီး ကာကွယ်လိုက်တာကို ကြည့်ပြီး သူတို့ အံ့သြနေမိသည်။
ဧကရာဇ်က ဘာကြောင့်မျာ ဒီလိုမိန်းမကို ကာကွယ်ပေးရသလဲဆိုတာ သူတို့ နားမလည်နိုင်တော့ပေ။
လုယွင်ရွှမ်းက မဆင်မခြင်လုပ်ပြီး အခုတော့ ကြမ်းပေါ်လဲကျနေတဲ့ ချင်ဝမ်ရူကို ကြည့်လိုက်သည်၊ လုယွင်ရွှမ်း မျက်လုံးထဲမှာတော့ အေးစက်မှုတို့သာရှိသည်။
ဥာဏ်မရှိတဲ့ဟာမ။ ဧကရာဇ်ရဲ့ရှေ့မှာ ဘယ်လိုလုပ် မဆင်မခြင်လုပ်ရတာလဲ။ သူမှာ့ အသက်ဘယ်နှစ်ချောင်းများ ပါတယ် မှတ်နေလဲ မသိဘူး။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now