အပိုင်း(၁)

8.2K 275 7
                                    

တိမ်ဆိုင်တိမ်ခဲတွေကို မြင်နေရပြီး  ထိုင်နေရသည့် နေရာ၌ပင်  လက်တစ်ကမ်းအလိုမှာရှိနေတဲ့ တိမ်ဆိုင်တိမ်လိတ်တွေကို ကြားဖြတ်ကာထားတဲ့
မှန်ပြတင်းကနေ  သူ ပြုံးပြုံးကြီး ကြည့်နေမိသည်။ သူ့ရဲ့ မွေးရပ်မြေကို ပြန်လာရသည်ဖြစ်ရျ်  သူပျော်နေတာလား--?။သို့မဟုတ် ဒီတိမ်ဆိုင် တိမ်လိတ်တွေကို မြင်နေရရျ် သူသဘောကျနေတာလား---?။ဒါတော့ သူလည်း မပြောတတ်။ သူသိတာကတစ်ခုထဲ ။သူအခု ရွေးချယ်လိုက်တဲ့ အလုပ်အတွက် နောင်တမရှိဘူးဟူရျ်--။

"ငယ်--- ငယ်အဆင်ပြေမှာလား။ လားရှိုးကို ပြန်သွားဖို့ ဒီလောက်ထိ စိတ်ခွန်အား ထက်သန်နေတာလား ငယ်။ ငယ် စိတ်အားထက်သန်နေရင်တော့ ကိုကြီး  ဘာမှမဆိုတော့ဘူး။ဒါပေမယ့် ငယ်တစ်ခုတော့ ကတိပေး ငယ်ဟိုကို ပြန်သွားပြီးရင် စိတ်ဒုက္ခမခံပါဘူးလို့---!"

"ဟုတ် ကိုကြီး။ ငယ်ကတိပေးပါတယ်။
ငယ် စိတ်ညစ်မခံသလို စိတ်ဒုက္ခလည်း အဖြစ်ခံမှာမဟုတ်ဘူး။  ငယ့်မွေးရပ်မြေကို
ငယ်ပြန်ပြီး ငယ့်နိုင်ငံအတွက် အကျိုးပြုတဲ့ အလုပ်လုပ်ချင်တယ်--"

သူပြောတော့ ကိုကြီးက ရယ်သည်။ အရမ်းကြီးကို ရယ်တာ ။ ဘာလို့လဲတော့ သူလည်း မသိပေမယ့်  ကိုကြီး ရယ်တော့ သူပါ လိုက်ရယ်မိသည်။

ဘာလို့မှန်းမသိ ကိုကြီးက ငယ့်ကို စိတ်ပူနေသည်။ငယ်က အခုဆို အသက်သုံးဆယ်ပြည့်ပြီးတဲ့  ယောကျာ်းရင့်မာကြီး တစ်ယောက် ဖြစပြီးတာတောင် ကိုကြီးက သူ့ကို ဆိုစိတ်မချ။
Alex နဲ့  ပွင့်ဖြူကရော ဘာထူးလဲ---?။ ဗထူးနဲ့ရပ်စောက်လို ကိုကြီးစိတ်ပူသလို သူ့ကို စိတ်ပူကြသည်။ သူ လားရှိုးကို ပြန်လာတာကပဲ သူဘာဖြစ်သွားမှာ ကျလို့။ အခု သူ ဘူဆန်မှာလည်း  တက္ကသိုလ်တစ်ခုမှာ  အချိန်ပိုင်းဆရာလုပ်ပြီး
စာတွေ ပြန်လေ့လာကာ  ပါမောက္ခဖြစ်အောင် ထပ်တိုးဘွဲ့တွေ ထပ်ယူထားသည်။ ကျန်းမာရေးမကောင်းတာက လွဲလို့ သူ့အတွက် အရာအားလုံးက အဆင်ပြေနေသည်ပဲလေ။

ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ တိမ်ဆိုင်တိမ်လိတ်တွေကို ကြည့်ပြီး   ကိုကြီး သူ့ကို ပြောခဲ့တဲ့ စကားတွေကို သူ ပြန်ပြီး အမှတ်ရမိသည်။
တစ်စက်ထဲ သူ လက်မှာပါတ်ထားတဲ့   နာရီကိုလည်း ကြည့်မိသည်။ ဒီပုံဆို သူ့ရဲ့ မွေးရပ်မြေကို
ရောက်ဖို့က  မိနစ်ပိုင်းလောက်ပဲ လိုတော့မည်။
ဒါကြောင့် သူ မရိုးမယွတွေဖြစ်ကာ ထိုင်ရာကနေ
လည်ပင်းဆန့်လိုက်ပြီး  ကိုယ်လက်ကိုလည်း သက်တောင့်သက်သာ  ဖြစ်အောင် ပြောင်းလိုက်သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now