အပိုင်း(၈)

1.8K 114 2
                                    

ပွင့်ဖြူ တို့ဆိုင်က မနက်ပိုင်း လူကျသည့် အပြင်
မနက်တိုင်း  ရောက်ရောက်လာသည့် မင်းဆက်တို့ အဖွဲ့ကြောင့်   လူတွေပို ကျနေသည်။
L1 club  က လူတွေကို  ပွင့်ဖြူဆိုင်မှာ တွေ့ရတယ်လို့ သတင်းတက်လာထဲက  L1 clubရဲ့
fanတွေမှာ  မနက်တိုင်းကို ဝရိယရှိပြီးတော့ကို
ရောက်လာကြသည်။  မီဒီယာ ရှောင်တဲ့  မင်းဆက်အဖို့ ဒါတွေ မကြိုက်ပေမယ့် သူလည်း
ဒီဆိုင်ကနေ မခွာနိုင်တော့ နောက်ပိုင်း fanတွေနဲ့
ညှိပြီး ဓါတ်ပုံ မရိုက်ဖို့ လုပ်ရသည်။  သိုသိပ်လှတဲ့ မင်းဆက် အဖို့  coffeeဆိုင်ထိုင်ရတာ စိတ်ရှုပ်စရာ မဖြစ်ပေမယ့်  ဓါတ်ပုံရိုက်ကြသည့် မီဒီယာတွေကြောင့်  စိတ်ရှုပ်ရသည်။ တစ်ဖက်မှာလည်း သူ့ရဲ့ ရှိန်းလေးကို တွေ့နေရသည့်အတွက်  ဒါကို ကိစ္စကြီးရယ်လို့ မှတ်မနေတော့။

ရှိန်း မနက်ပိုင်း မင်းဆက်တို့ အဖွဲ့ ပြန်သွားပြီးမှ သူလည်း နားရသည်။ အရင်ဆို ကလေးတွေနဲ့ သူတစ်ခါထဲ breakfast စားလို့ ရပေမယ့်
ရက်ပိုင်းအတွင်း ရောက်လာကြတဲ့ မင်းဆက်တို့ clubရဲ့ fanတွေကြောင့် ရှိန်းမှာ အရင်နေ့တွေကလို   အားကစား လုပ်ပြီးရင် တန်း breakfastမလုပ်နိုင်တော့ ။ မင်းဆက်တို့ အဖွဲဲတောင်  waiterလုပ်ပေးရသည်ထိ  လူတွေ ကျရျ်
ရှိန်းမှာ အားနာရသည်။ ဒါကို မင်းဆက်က
သ​ဘောကျနေရျ် ရှိန်းလဲ ဘာမှ ဆိုမနေတော့။

"ကိုရှိန်း ပင်ပန်းသွားပြီလား--?"

"မပင်ပန်းပါဘူး ပွင့်ဖြူရဲ့"

ရှိန်း ထိုင်နေတဲ့ ခုံဘေး ပွင့်ဖြူကလည်း  ရေနွေးခွက်လေးနဲ့ ဝင်ထိုင်ပြီး ရှိန်းကို မေးသည်။

"ကိုရှိန်းကို ကြည့်ရတာ ဒီရက်ပိုင်း ပျော်နေသလိုပဲ ။ ပျော်စရာတွေရှိနေတာလား--?"

"ပျော်စရာရယ်လို့လည်း မဟုတ်ပါဘူး ။ စိတ်ကျေနပ် စရာလေးတွေ ရှိတာ"

"အင်း  ဘာပဲ ဖြစ်ဖြစ်ပါ ကိုရှိန်း ပျော်နေတာကိုပဲ မြတို့က မြင်ချင်တာမလို့  ကိုရှိန်းပျော်တယ် / သဘောကျတယ်ဆိုရင် ရဲရဲကြီး လုပ်ပြစ်လိုက်"

"အခု ပွင့်ဖြူက ကိုရှိန်းကို အားပေးနေတာလား--?"

"အားပေးတာ မဟုတ်ပါဘူး။ ညီမ တစ်ယောက်လို  အကြံပေးတာ"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now