အပိုင်း(၉) ♨️♨️

2.6K 111 2
                                    

This sence is contain adult sence so if you   aren't adult  you should think
this chapter  read or not read.
Enjoy your mind.😀

"တီတီ--"

လုံခြုံရေး ဂိတ်မှ အချက်ပေးသံ မြည်လာသည်နှင့်  မင်းဆက်   security cardကို  systemပြားမှာ ကပ်လိုက်ပြီး   L1 club ၏ရုံးစိုက်ရာသို့  သူ ဦးတည်လိုက်သည်။

"မင်္ဂလာပါ သူဌေး--"

ဂိတ်စောင့်  ဦးလေးကြီး၏  နှုတ်ဆက်သံကို
မင်းဆက် အသိအမှတ်ပြုသလို ခေါင်းတစ်ချက် ညိတ်ပြီး   L1 clubထဲသို့ ဝင်သွားလိုက်သည်။
သူ ဝင်လာသည့်နှင့်   မြေညီထပ်၏  လေ့ကျင့်ရေးခန်းမမှာ လေ့ကျင့်နေကြသည့်  L1 clubအသင်းသားတွေစီသို့အကြည့်ပို့လိုက်ပြီး
ထို့နောက်မှာတော့ မင်းဆက်  သူ၏ ရုံးခန်းသို့သာ တန်းတန်းမတ်မတ် ဝင်သွားသည်။
နီးကပ်လာသည့် ပြိုင်ပွဲရက်နှင့်အညီ သူ့အသင်းသားတွေလည်း  မင်းဆက် ချပေးထားတဲ့  အချိန်စာရင်းအတိုင်း လေ့ကျင့်နေကြသည်။ သူလည်း ဒီအချိန်မှာ ပြိုင်ပွဲအတွက် နည်းနာစရာတွေ  လေ့လာရမည်။

"ရောင်ပိုင် ဒီစနစ်တွေရဲ့ အချိန်ကို သေချာမှတ်ထားပေး ။ အငယ်တန်း  gamer တွေရဲ့ အချိန်ကို ညာဘက်က ခလုတ်နဲ့  ထိန်း "

"ဟုတ်ကဲ့ ကိုမော်ကွန်း"

မော်ကွန်း  ရောင်ပိုင့် ကို မှာစရာရှိတာတွေ မှာလိုက်ပြီး  အပေါ်ထပ်မှာ လေ့ကျင့်နေသည့် တစ်ယောက်သော သူထံ သွားဖို့ရာအတွက်
အပေါ်ထပ်သို့ ဦးတည်လိုက်သည်။ အသင်းသားတွေကလည်း ပြိုင်ပွဲရက် နီးကပ်လာတာနဲ့ အမျှ
သူနဲ့ မင်းဆက် ချပေးထားတဲ့ စနစ်တွေအတိုင်း
လေ့ကျင့်နေကြသလို မင်းဆက်ကလည်း ပြိုင်ပွဲဝင်မည့် တစ်ဖက်က အသင်းတွေကို လေ့လာနေရျ်  သူတို့ club ကတော့  clubရှိလူအကုန်  အလုပ်တွေနှင့်သာ ပြည့်နေကြသည်။

"ကလေး---!"

"အချိန် ဘယ်လိုလဲ--? ။ လောက်လား ?။
နှုန်းမြန်လာပြီလား ---?။ ဒီစနစ်ကို ဖြေရှင်းတာ
အချိန် ဘယ်လောက်ယူ--!"

"ကလေး--!"

မော်ကွန်း မင်းခန့်ရဲ့ ထိုင်ခုံပေါ်သို့ ရောက်သွားသည်။ မင်းခန့်ကတော့ သူ့ကို အရေးမလုပ်ပဲ ​
လက်က typing မပြတ်  စနစ်တစ်ခုလုံးကိုသာ လေ့ကျင့်နေသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now