အပိုင်း(၇)

1.9K 114 4
                                    

မနက်ခင်းနေရောင် အခန်းထဲ ဝင်လာတာနဲ့ ရှိန်းထလိုက်ပြီး ကိုယ်လက်သန့်စင်ကာ အားကစားလုပ်ဖို့ ပြင်လိုက်သည်။ သူ  ဒီလို မနက်ခင်းတိုင်း အားကစားလုပ်နေတာက ရောက်ပြီးတဲ့ နေ့ထဲကဖြစ်ပြီး ဒီနေ့နှင့်ဆို တစ်ပါတ်ပင် ပြည့်သွားပြီ ဖြစ်သည်။ တစ်ပါတ်အတွင်းမှာ  ရှိန်း နေ့တိုင်းလည်း  မင်းဆက်တို့ အဖွဲ့နှင့် တွေ့ဖြစ်ပြီး မင်းဆက်တို့ အဖွဲ့ကလည်း  ရှိန်းတို့ Coffeeဆိုင်ကို နေ့တိုင်း လိုက်ပြီး breakfast စားသည်။

ဒီနေ့တွင်တော့ ရှိန်း အရင်နေ့ကလိုပဲ တတ်ကြွနေပြီး အားကစားဝတ်ဆုံကို ဝတ်ကာ ပန်းခြံကို ထွက်ခဲ့လိုက်သည်။ ခါတိုင်းလို ပွင့်ဖြူကိုလည်း နှုတ်ဆက်လိုက်ပြီး  ပါတ်ဝန်းကျင်သို့လည်း စူးစမ်းရင်း ပြေးလာလိုက်သည်။

ရှိန်းပြေးနေရင်းမှ တံတားမှာ တွေ့လိုက်ရတဲ့
အဖွဲ့ကြောင့် ရှိန်းပျော်သွားရပြီး  ဝမ်းနည်းသွားရပြန်သည်။ မမေးဘူးဆိုပြီး လုပ်နေရင်းမှပဲ
သူ  မော်ကွန်းအနားသို့ ရောက်သွားပြီး

"ကိုမော်ကွန်း--"

"အာ---ရှိန်းပဲ"

"အင်း ကျွန်တော် မေးစရာရှိလို့"

"မေးလေ ရှိန်း"

မော်ကွန်း အသင်းသားတွေကို timing မှတ်ပေးနေရင်းမှပဲ ရှိန်းကို ပြောလိုက်သည်။

"ဟိုဟာ  --- ဦးခွန်နောင်မင်းဆက် တို့ သားအဖတွေမပါလာတာ နှစ်ရက်ရှိပြီမလို့"

"ဪ-- မင်းဆက်လား။ ဇက်လေး နေမကောင်းလို့  မပါလာတာ"

"ဇက်လေး နေမကောင်းဘူး ။ ဘာဖြစ်တာလဲဟင်။ သားက အရမ်းဆိုးရိမ်ရလို့လား--?"

"မဆိုးရိမ်ရပါဘူး ရှိန်းရဲ့ ။ ဇက်က အားလုံးထဲ အငယ်ဆုံးဆိုတော့ နည်းနည်းချူချာချင်တယ်။
နေမကောင်း မကြာခဏဖြစ်တော့ မင်းဆက်လည်း ဂရုစိုက်ရတာပေါ့ ။ ဒါပါပဲ ။ မဆိုးရိမ်နဲ့။ နောက်နေ့ နေပြန်ကောင်းရင် သူတို့ ပါလာမှာပါ"

"အင်း--"

ရှိန်း မော်ကွန်းကို အင်းသာ ပြောလိုက်ပြီး  ခြေလှန်းတွေ မတက်ကြွစွာနှင့်  နောက်သို့ လှည့်လိုက်ပြီးမှ

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now