အပိုင်း (၂၂)

1.4K 80 15
                                    

L(1) club၏ တည်နေရာ၌ လေ့ကျင့်နေသော
အသင်းသားများနှင့်  စိုက်ကြည့်ရာ screenထက်၌    နေရာယူထားသော မျက်ဝန်းများ။ လက်ချောင်းများစွာဟာလည်း keyboardတစ်ခုချင်းစီတိုင်းတွင် ပြေးလွှားနေကြပြီး   တစ်ဖက်က mouseကို ထိန်းညှိရင်း ရှိနေကြသည်။

ဦးဆောင်သူ၏ အခန်းဖြစ်သည့်  မြေညီထပ်တွင်တော့  တစ်စုံတစ်ဦးဟာ  typing တစ်တောက်တောက်ရိုက်ရင်း  screenထက်၌သာ အကြည့်တွေကို ပို့လို့ထားသည်။
တံခါးဖွင့်ဝင်လာသည့် သူကိုပင်  ဂရုမထားနိုင်စွာနှင့်  သူဟာ    များပြားလှစွာသော အလုပ်ကြားတွင် စိတ်အစုံကို နှစ်လို့ထားသည်မှာ ပြင်ပ လူကြည့်ရုံနှင့်ပင် သိသာနေသည်။

"မင်းခန့်--! နောက်ပြိုင်ပွဲအတွက် စံချိန်တွေ။
ပြိုင်ပွဲက နှစ်လကြာမှ ဆိုတော့  လိုအပ်ချက် ရှိနေတဲ့ ကလေးတွေလည်း လေ့ကျင့်ဖို့  အချိန်ရတယ် ။ စံချိန်မှီကလေးတွေအတွက်လည်း
ပိုပြီး လေ့ကျင့်လို့ရတော့   အဆင်ပြေတာပေါ့"

တုံ့ပြန်မှု မရှိသည်နှင့်ပင် ထိုအခန်းထဲ၌ typing ရိုက်သံများကသာ ကြီးစိုးနေခဲ့သည်။

"မင်းခန့်--! နောက်ပြိုင်ပွဲအတွက် စံချိန်တွေ။
ပြိုင်ပွဲက---!"

"အာ့--!"

"ကလေး--!"

ပိတ်လိုက်သည့် နှုတ်ခမ်းသားနှင့်အတူ မော်ကွန်းဟာလည်း  မင်းခန့်၏   ပေါင်ပေါ်တွင် ရောက်လို့သွားခဲဲ့ပြီး နှုတ်ခမ်းချင်း ထိကပ်ချင်းကို ခံနေရလေသည်။

"ကလေး--!  အသင်းသားတွေ"

ထိုမှ မင်းခန့်က မှန်တွေကနေတစ်ဆင့် မြင်နေရသည့် လေ့ကျင့်ရေးခုံတွေကို ကြည့်ပြီး

"သူတို့မမြင်ပါဘူး"

"ဒါပေမယ့်--!"

လန့်နေသည့်  ပုံရိပ်လေးတွေ ထင်ဟပ်နေသည့်
မော်ကွန်း။  ရှက်ရျ် နီလာသည့် ပါးပေါ်ရှိ ရဲရဲလေးများက ထင်ထင်ရှားရှားနှင့်  အပြင်လူတစ်ယောက် မြင်မှာကို လန့်နေသည်။

"ကိုကိုနဲ့ ကျွန်တော် လက်ထပ်ပြီးတာ လူတိုင်းသိတာပဲ။ ကိုယ့်အမျိုးသားကို  ကိုယ်နမ်းတာ ဘယ်သူ့ကို ဂရုစိုက်ရမှာကျလို့"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now